Meghan Markle ရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုလိုက်တဲ့ Gigi Hadid

May 29, 2018

New York မော်ဒယ်လောကရဲ့ ကြေးအကြီးဆုံး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ gigi ကိုတော့ အထူးမိတ်ဆက်စရာလိုမယ်မထင်တော့ပါဘူး။ မေလ ၁၉ ရက်နေ့မှာ တစ်ကမ္ဘာလုံး စိတ်ဝင်းစားခဲ့ကြတဲ့ ဗြိတိန်မင်းသား Harry နဲ့ Meghan Markle တို့ရဲ့ မင်္ဂလာသတင်းကိုလည်း အားလုံးကြားသိလိုက်ကြမှာပါ။

ဒီမင်္ဂလာပွဲနဲ့ ပတ်သက်ပြီး Gigi ကတော့ သူမရဲ့ instagram ကနေ Meghan တို့ သားမိနှစ်ယောက်ပုံတင်ပြီး ‘ It’s a good day ♡ !!! ’ ဆိုတဲ့ caption နဲ့ ဂုဏ်ပြုလိုက်တာကို တွေ့ရပါတယ်။ သူမအနေနဲ့ အခုလိုအပြုအမှုတွေကို အမြဲလိုလို လုပ်လေ့ရှိပြီး သူမသဘောကျတဲ့ အမျိုးသမီးတွေနဲ့ တွဲဖက်ပြီး သရုပ်ဆောင်ခွင့်ရရင်လည်း အခုလို အပြုအမှု caption လေးတွေနဲ့ ပုံတွေကို တွဲဖက်ပြီး တင်တာမျိုးတွေ ပြုလုပ်နေကြဖြစ်ပါတယ်။ Zayn နဲ့ ပြတ်သွားပြီးနောက်ပိုင်း စီးပွားရေးနဲ့ အလုပ်ဘက်ကို ပိုဂရုစိုက်လာတာ တွေ့ရပြီး Eyewear Collection အသစ်ကိုလည်း ထုတ်လုပ်ထားတာတွေ့ရပါတယ်။ Gigi တစ်ယောက် အရင်ထက်လည်း ပိုလှလာတယ်နော်။

It’s a good day ♡ !!!

A post shared by Gigi Hadid (@gigihadid) on

Leave a Reply:

Your email address will not be published. Required fields are marked *