ခေတ်အဆက်ဆက် ရိုးမသွားနိုင်တဲ့ Flannel Fashion

January 9, 2018

အသစ်အသစ် fashion တွေနောက် လိုက်နေသလို ဘယ်တော့မှရိုးမသွားတဲ့ fashion တွေကိုလည်း အမြဲလေ့လာသင့်ပါတယ်။ ဒါကြောင့်မို့ ဘယ်တော့မှရိုးမသွားတဲ့ fashion တွေထဲမှာ ခေတ်အဆက်ဆက် အမြဲပါဝင်ပြီး မဖြစ်မနေရှိထားသင့်တဲ့ Flannel Design (၆) မျိုးကို ဖော်ပြပေးချင်ပါတယ်။

  

ဒီလို Jacket လေးကလည်း ရှိထားသင့်တဲ့ ထဲမှာပါဝင်နေပါတယ်။ ဘယ်တော့မှရိုးမသွားတဲ့ ဒီဇိုင်းဖြစ်သလို အအေးဒဏ်ကိုလည်း အမှန်တကယ်ကာကွယ်ပေးနိုင်ပါတယ်။ ဒီ Design လေးကိုတော့ Le Fou Wilfred ကထုတ်လုပ်ထားတာဖြစ်ပြီး Aritzia မှာဝယ်ယူလို့ရနိုင်ပါတယ်။ စျေးနှုန်းကတော့ $450 ပါ။

  

ဒီတခါတော့ skrit လေးပါ။ Flannel လေးတွေဟာ ဘယ်လိုအဆင်လေးနဲ့ တွဲဖက်ပြီး ဝတ်ဆင်ဝတ်ဆင် လိုက်ဖက်တာမို့ Flannel Skrit လေးတစ်ထည်လောက်ကလည်း မဖြစ်မနေ ရှိသင့်တဲ့ထဲမှာ ပါဝင်နေပါတယ်။ ဒီ skrit design လေးကိုတော့ Topshop ကထုတ်လုပ်ထားတာဖြစ်ပြီး $33 ဖြစ်ပါတယ်။

  

ဒါလေးကတော့ Skrit ဝတ်ရတာမကြိုက်တဲ့ သူတွေအတွက် Flannel SKINNY TROUSERS လေးတစ်ထည်လည်း ရှိသင့်တဲ့ထဲမှာပါတယ်နော်။ ဘာလေးနဲ့မဆို  တွဲဖက်ပြီး ဝတ်ဆင်လို့ ရတာကြောင့် မရှိသေးရင်ဝယ်ထားသင့်တယ်နော်။ ဒီအဆင်လေးကတော့ Baum Und Pferdgarten brand ကဖြစ်ပြီး $209 ဖြစ်ပါတယ်။  

  

Flannel shoe လေးကတော့ Skrit လေးနဲ့ဘဲဖြစ်ဖြစ်၊ TROUSER နဲ့ဘဲဖြစ်ဖြစ် လိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါးဝတ်ဆင်လို့ ရနိုင်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ ဒီဒီဇိုင်းလေးကိုတော့ Miu Miu ကထုတ်လုပ်ထားပြီး $335 ဖြစ်ပါတယ်။

  

Flannel ပဝါလေးတစ်ထည်လောက်ကလည်း ရှိသင့်ပါတယ်နော်။ ခရီးသွားရင်လည်း တစ်ထည်တည်းနဲ့ အဝတ်စားဒီဇိုင်းမျိုးစုံနဲ့ လိုက်ဖက်မှုရှိပြီး လူကြီး လူငယ်မရွေး လိုက်ဖက်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ အခု Design လေးကိုတော့ ZARA ကထုတ်လုပ်ထားတာဖြစ်ပြီး $19.90 ဖြစ်ပါတယ်။

                            

နောက်ဆုံးတစ်မျိုးဖြစ်တဲ့ Flannel dress လေးဘဲဖြစ်ပါတယ်။ JW Anderson ကထုတ်လုပ်ထားတာဖြစ်ပြီး $1,588 လောက်ရှိနေပါတယ်။

အခုဖော်ပြတဲ့ Design တွေနဲ့ brand တွေကိုဝယ်ရမယ်လို့ မဆိုလိုပါဘူးနော်။ ကိုယ်နဲ့အဆင်ပြေမယ့် အရာတွေကို စုဆောင်းသင့်တယ်ဆိုတာကို ပြောပြထားခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Flannel လေးတွေကိုလည်း စုစည်းထားသလောက် ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *