ဖက်ရှင်နဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ မထားတဲ့ FKA Twigs

January 31, 2019

ဖက်ရှင်နဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ မထားဘဲ စိတ်ထဲမှာရှိသလို ဝတ်ဆင်တတ်သူကတော့ Robert Pattinson ရဲ့ ချစ်သူ ဗြိတိသျှအဆိုတော်မလေး FKA Twigs ပါပဲ။  Park City မှာ ကျင်းပခဲ့တဲ့ Honey Boy premiere ပွဲကို FKA Twigs တတ်ရောက်ခဲ့ပါတယ်။

ဒီပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကို သူမရဲ့ stylelist ဖြစ်တဲ့ Matthew Josephs က စီစဉ်ပေးခဲ့တာပါ။ ဝတ်စုံကတော့ ရိုးရိုးလေးပါပဲ။ သူမဝတ်စုံကို ထူးခြားစေတာ တစ်ခုက အပေါ်ထပ် ကုတ်အင်္ကျီပဲဖြစ်ပါတယ်။ ကုတ်အင်္ကျီအရှည်ဟာဆိုရင် ပေါင်လည်လောက်ရှိပြီး အမွေးပွဖြစ်ကာ အခုနောက်ပိုင်း အရမ်းခေတ်စားလာတဲ့ animal print ကျားအရေခွံဒီဇိုင်းဖြစ်ပါတယ်။ အရောင်ကတော့ အစိမ်းနဲ့အဝါ ရောစပ်ထားတဲ့ အရောင်ဖြစ်ပြီး သူမရဲ့ ရိုးရှင်းတဲ့ ဖက်ရှင်က အားလုံးကို မျက်စိကျစေခဲ့ပါတယ်။

သူမဟာ ပြီးခဲ့တဲ့ the Sundance Film Festival ရဲ့ red carpet မှာဆိုရင်လည်း အားလုံးရဲ့ စိတ်ဝင်စားခြင်းတွေကို ရိုးရှင်းတဲ့ ဖက်ရှင်နဲ့ပဲ သိမ်းပိုက်ခဲ့ပါသေးတယ်။ အခု Honey Boy premiere ပွဲမှာလည်း သူမရဲ့ ဖက်ရှင်ဟာ ပေါ့ပေါ့ပါးပါးနဲ့ မျက်စိပဒေသအေးအေးလေး ဖြစ်ခဲ့ပါတယ်။ ကျားသစ်ရောင် ကုတ်အင်္ကျီအပြင် လည်ပင်းဟိုက်တဲ့ အင်္ကျီအကြပ်လေးနဲ့ ဘောင်းဘီအစင်းအပွလေးကို ဝတ်ဆင်ခဲ့ပါတယ်။ ရှူးဒေါက်စီးထားတဲ့အခါ အတွင်းမှာ ခြေအိတ်အဖြူ ဝတ်ထားတာကိုလည်း တွေ့ရပါတယ်။ တခြားတွဲဖက်ဝတ်ဆင်ထားတာတွေကတော့ လည်ပင်းအကပ် ပုလဲဆွဲကြိုးနဲ့ ဖန်စီလိုမျိုး ဆွဲကြိုးနှစ်ခုနဲ့ တွဲဖက်ဝတ်ဆင်ထားပါတယ်။

 

View this post on Instagram

 

take my portrait

A post shared by FKA twigs (@fkatwigs) on

အနောက်တိုင်း ဆယ်လီတွေ ပွဲတတ်တဲ့အခါ သူမလို ဆွဲကြိုးနှစ်ခု တပြိုင်ထဲဝတ်တာ မြင်ရခဲပါတယ်။ တချို့ဆို accessory ပစ္စည်းတွေနဲ့ ပတ်သက်ပြီး လုံးဝမဝတ်တာမျိုးပါရှိပါတယ်။ ဒါပေမဲ့ သူမကတော့ ဖက်ရှင်နဲ့ ပတ်သက်ပြီး အခုပုံစံကို ကြည့်ခြင်းအားဖြင့် စည်းမျဉ်းစည်းကမ်းတွေ လုံးဝမထားတာ ထင်ရှားနေပါတယ်။ ဒီဝတ်စုံဟာဆိုရင် ဗြိတိသျှ ဒီဇိုင်နာ Vivienne Westwood ရဲ့ ဝတ်စုံဖြစ်ပါတယ်။ ဘောင်းဘီအပွနဲ့ အနက်ရောင် ရှူးဖိနပ်ကို ကြည့်ခြင်းအားဖြင့် သူမဟာ ပေါ့ပေါ့ပါးပါးတွေကိုသာ ဝတ်ဆင်လိုကြောင်း ပြောနေသလို ထင်ရှားနေပါတယ်။

ဗြိတိသျှ အဆိုတော်မလေး FKA Twigs ကို ဒီမှာတော့ သိတဲ့သူ နည်းပါလိမ့်မယ်။ နာမည်ကျော် twilight ဇာတ်ကားရဲ့ မင်းသားချော Robert Pattinson ရဲ့လက်ရှိ တွဲနေတဲ့ ချစ်သူဖြစ်ပါတယ်။ ၁၉၈၈ ခုနစ်ဖွားဖြစ်တာကြောင့် သူမဟာ အခုဆိုရင် အသက် (၃၁) နှစ်ရှိနေပါပြီ။ Honey Boy ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး အသက်(၁၇)နှစ်ကတည်းက အဆိုတော်ဖြစ်လာခဲ့တာပါ။

Ref : https://www.vogue.com

Leave a Reply:

Your email address will not be published. Required fields are marked *