အရမ်းကြီးမအေးသေးတဲ့ ဆောင်းရာသီအတွက် ခပ်မိုက်မိုက် Fashion လေးရွေးချယ်ကြည့်မယ်…

December 19, 2017

ဆောင်းတွင်းဝင်ခါစဖြစ်လို့ အရမ်းကြီးလည်း မအေးသေးအအေးဓာတ်လေးရှိယုံသာဖြစ်လို့ အပေါ်ထပ်အနွေးထည်ကြီးဝတ်နေလို့ အမြဲအဆင်မပြေနိုင်ဘူးလေ။ ဒါကြောင့်မို့ Fashion အတွက်ရွေးရခက်နေရင်တော့ အခုနောက်ပိုင်း လူငယ်တွေကြားမှာ ရေပန်းစားလူကြိုက်များလာတဲ့ Brand ထဲက Fashion တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ PUMA brand နဲ့ Rihanna ရဲ့ Fenty တို့ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ FENTY PUMA brand ဖြစ်ပါတယ်။ PUMA ဆိုတာကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ sport brand တွေကိုဦးဆောင်ထားတဲ့ brand တစ်ခုဖြစ်ပြီး အခုဆို PUMA ရဲ့ရပ်တည်လာမှုဟာ ၆၅ နှစ်နီပါးရှိနေခဲ့ပါပြီ။

အခုဆို PUMA နဲ့ FENTY ပေါင်းစပ်ပြီး ထုတ်လုပ်လိုက်တဲ့ sport wear တွေပါမက Fashion design မျိုးစုံကိုပါထုတ်လုပ်လို့လာပါပြီ။ အခုမိတ်ဆက်ချင်တဲ့ winter fashion လေးကတော့ အရမ်းမအေးသေးတဲ့ နေရာမျိုးအတွက် တော်တော်လေးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဒီ Fashion လေးကတော့ အင်္ကျီနဲ့ဘောင်းဘီ တစ်ဆက်တည်းဖြစ်ပြီး စွယ်တာသားလေးနဲ့ ချုပ်လုပ်ထားတာဖြစ်ပါတယ်။ အင်္ကျီလက်နဲ့ ဘောင်းဘီလက်လေးတွေကိုတော့ ခေါင်းလောင်းပုံစံအပွလေးတွေ ချုပ်လုပ်ထားတာဖြစ်ပြီး လည်ပင်းအကျယ်လေးနဲ့ လူငယ်ဆန်ဆန် design လေးဖြစ်ပါတယ်။ ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်ပြီး TGIF လို ညဘက်မှာဝတ်ဆင်ရင်လည်း အရမ်းမိုက်ပြီး ပေါ်လွင်နေမှာပါ။ club မှာဆိုလည်း ပေါ့ပေါ့ပါးပါး ကလို့ရပြီး စိတ်ကျဉ်းကြပ်မှုဖြစ်စေတဲ့ အဝတ်စားမျိုးလည်း မဟုတ်တဲ့အတွက် တော်တော်လေးအဆင်ပြေမှာပါ။ ယခုလက်ရှိ ဝတ်စုံလေးရဲ့စျေးနှုန်းကတော့ new product ဖြစ်လို့ ဒေါ်လာ ၃၇၅ ($375) ဖြစ်ပါတယ်။

 

Image source : http://us.puma.com/en_US/collections/collaborations/fenty-puma-by-rihanna

Leave a Reply:

Your email address will not be published. Required fields are marked *