Fashion ချစ်သူတွေအတွက် တစ်နှစ်တစ်ခါ မဖြစ်မနေသွားရောက်ကြည့်ရှုသင့်သော Fashion Week အကြောင်း…

December 21, 2017

Myanmar Int’l Fashion Week by John Lwin ရဲ့ ပွဲကို ဒီဇင်ဘာလ ၈ရက်နေ့က သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ရွှေထွဋ်တင်ရဲ့ Hexagon Complex ထဲမှာ နိုင်ငံကျော်အနုပညာရှင်များနှင့် ခမ်းခမ်းနားနားကျင်းပခဲ့တဲ့ Biggest Fashion Show တစ်ခုလည်းဖြစ်ပါတယ်။ ထိုပွဲလေးမှာ ရရှိခဲ့တဲ့ အတွေးအမြင်တချို့ကို အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်ခဲ့တဲ့ Fashion ချစ်သူတွေသိအောင် မျှဝေပေးချင်ပါတယ်။

  

  

  

  

  

ဒီနှစ်ရဲ့ Fashion Week ကိုတော့ Day 1, Day 2, Day 3 ဆိုပြီး ၃ရက်တာကျင်းပခဲ့တာဖြစ်ပြီး တစ်ရက်နဲ့တစ်ရက် ဝတ်ဆင်ခဲ့သော ပိုးထည်တွေ လက်ဝက်ရတနာတွေ မတူသလို၊ ကွဲပြားတဲ့ ဒီဇိုင်းများနဲ့ ၃ရက်လုံးမထပ်အောင် ဝတ်ဆင်ပြသခဲ့ပါတယ်။ Fashion ဟာနိုင်ငံတစ်နိုင်ငံရဲ့ ပြောင်းလဲတိုးတက်မှုမှာ အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်တာကြောင့် မြန်မာနိုင်မှာ ဒီလိုပွဲတွေကို support လုပ်ပေးနိုင်တဲ့ Organizer တွေရှိလာတာဟာ အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်စရာပါ။ ခေတ်နဲ့အညီပြောင်းလဲလာတဲ့ Fashion တွေအပြင် မြန်မာ့ယဉ်ကျေးမှုအတွက် တန်ဖိုးထားရသော မြန်မာဝတ်စုံ Fashion တွေကိုပါ ပျောက်ကွယ်မသွားအောင် ချုပ်ပုံဒီဇိုင်းအမျိုးမျိုးနဲ့ ပြသခဲ့သော Myanmar outfit လေးတွေကိုပါ ဂုဏ်ယူစွာတွေ့ရှိခဲ့ရပါတယ်။ မြန်မာအမျိုးသမီးတွေအတွက် တသက်မှာတစ်ခါသာဝတ်ဆင်ခွင့်ရတဲ့ မင်္ဂလာသတို့သမီး ထိုင်မသိမ်းတွေကို လှပတင့်တယ်စွာဝတ်ဆင်ပြီးပြသခဲ့တာဟာ မြင်ရသူမိန်းကလေးတိုင်းအတွက် ရင်ခုန်စရာကောင်းလှပါတယ်။ ထို့အတူ ဟာခနဲဖြစ်လောက်တဲ့ အနောက်တိုင်း မင်္ဂလာဝတ်စုံဒီဇိုင်းများနဲ့အတူ ပြည်သူ့အချစ်တော်နာမည်ကျော် Model များကလည်း ဝတ်ဆင်ပြသခဲ့ကြပါသေးတယ်။

  

  

  

  

Fashion Week အတွက် အဓိက Make Up Sponsor ကတော့ ပျိုမေတို့အသဲစွဲ Hearty Heart မှ Sponsor ပေးခဲ့တာဖြစ်ပြီး နောက်အသစ်ထွက်ရှိလာမဲ့ product တွေဖြင့် ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ Day 1 အတွက် ခမ်းနာလှပတဲ့ ပိုထည်များကို Chaw Chaw (Silk & Luxary Fashion), ရွှေလွန်းလိပ်ပြာ, ရွှေဇာခြည်ပါတိတ်နဲ့ THEIA Fashion By May Thinzar Theint တို့ရဲ့ဝတ်စုံများကို ဆင်မြန်းပြသခဲ့ပြီး Make up ကိုတော့ May Oo (Magic) နှင့် Aung Lay မှ တာဝန်ယူပြီး Hearty Heart Cosmetic များဖြင့် လှပစွာလိမ်းခြယ်ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ ထို့နောက် မိတ်ကပ်မေဉီးက Hearty Heart Cosmetic များဖြင့် မိတ်ကပ်လိမ်းခြယ်ပုံနဲ့ သတိပြုရမည့်အချက်လေးတွေကို Make Up show အနေဖြင့်ပြသပေးခဲ့ပါသေးတယ်။ Day 2 အတွက် ဝတ်စုံများကို FGM By Moegok Pauk Pauk, Alvaasce by May Myat Warso, မိုးထိနန်းတော် By Sandy Linn Naing, Nay Channel by Khit Minn နှင့် Desinginer – SHARTRA တို့မှ တာဝန်ယူခဲ့ပြီး Make Up. May Oo Maung (Taw Win Thu), Aung Lay တို့က အလှပဆုံးဖြစ်အောင် တာဝန်ယူခဲ့ကြပါတယ်။ Fashion Week Day 3 အတွက် ဝတ်စုံများကိုတော့ Unique, Ladies Heart Fashion by Mya Pwint Phyu, Designer-Htay Htay Tin, Designer-DAVIS (BKK) နှင့် Make up Khin San Win, Aung Lay တို့မှ တာဝန်ယူပြင်ဆင်ခဲ့ကြပါသေးတယ်။ လက်ဝတ်ရတနာများကိုတော့ တနေ့တမျိုးမရိုးအောင် ပက်ကားစိန်ရွှေရတနာဆိုင်မှ တစ်ဉီးတည်း Sponsor ပေးခဲ့တာဖြစ်ပါတယ်။ Florist များကိုတော့ Lin Lin (Florist) မှတာဝန်ယူအလှဆင်ပေးခဲ့တာပါ။

  

  

 

ဒီလိုပွဲမျိုးကို တက်ရောက်လေ့လာခြင်းအားဖြင့် ဗဟုသုတလည်းရသလို သူတို့ရဲ့ management လုပ်ပုံတွေကိုပါ လေ့လာဖြစ်ခဲ့ပါသေးတယ်။ ပွဲထဲကိုဝင်ဝင်ချင်းမှာဘဲ အရင်ဆုံးတွေ့ရှိရတာကတော့ Sponsor ပေးသူများရဲ့ ခင်းကျင်းပြသထားသော အပြင်အဆင်များနှင့်တကွ လာရောက်သူများ ဓာတ်ပုံရိုက်လို့ကောင်းအောင် သေချာပြုလုပ်ပြင်ဆင်ပေးထားတဲ့ Lighting အပြင်အဆင်တွေကိုပါ တွေ့ရှိရမှာဖြစ်ပါတယ်။ တကယ်ကိုကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ခုဖြစ်တာမို့ ပထမဆုံးပွဲမှာတင် နိုင်ငံတကာမှာပြုလုပ်တဲ့ Fashion Week ပွဲတွေကို အမှီလိုက်နိုင်ခဲ့တာကြောင့် Star Event Production ရဲ့ အရည်ချင်းကိုပါ တပြိုင်နက်တွေ့ရှိခဲ့ရပါတယ်။ Organizer Ko John Lwin ကတော့ ဒီလို Fashion Week ပွဲတွေကို တစ်နှစ်တစ်ခါ ပြုလုပ်သွားမှာဖြစ်လို့ နောက်နှစ်တွေမှာ မဖြစ်မနေသွားရောက် ကြည့်ရှု့လေ့လာရင်း နိုင်ငံတကာ Fashion Week အတွေ့အကြုံတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ နေ့စဉ်ပြောင်းလဲနေတဲ့ Fashion လောကရဲ့ အသစ်အသစ်တွေကိုပါ လေ့လာနိုင်လို့ နောက်ပွဲတွေမှာ လက်လွှတ်မခံကြဖို့လည်း အကြံပေးချင်ပါတယ်။

  

 

Leave a Reply:

Your email address will not be published. Required fields are marked *