2018 Fashion လောကရဲ့ ထိပ်တန်း Brand (၁၀) မျိုး

March 20, 2018

ကမ္ဘာကြီးရဲ့ ကျယ်ပြန့်လာတဲ့ Fashion လောကမှာ ထိပ်တန်းနေရာရဖို့ဆိုတာ တကယ်မလွယ်လှပါဘူး။ နေ့စဉ်နဲ့အမျှ အသစ်အသစ်တွေ အပြိုင်အဆိုင်ထွက်ရှိနေတဲ့ ခေတ်ကြီးမှာလည်း brand ရဲ့အရည်သွေးနဲ့ ကျော်ကြားမှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ဖို့ဆိုတာကလည်း မလွယ်တဲ့ကိစ္စပါ။ ဒါကြောင့်မို့ နှစ်ပေါင်းများစွာ ရပ်တည်လာပြီး ယနေ့အချိန်ထိ တစ်ကမ္ဘာလုံးရဲ့ Top 10 အဆင့်မှာနေရာယူထားတဲ့ Brand တွေကို ဖော်ပြပေးလိုက်ချင်ပါတယ်။

10. Coach – Brand Value: $3.2 Billion

Luxury brand တစ်ခုဖြစ်တဲ့ Coach ကိုတော့ လူတိုင်းသိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူကတော့ America brand တစ်ခုဖြစ်ပြီး ဆိုင်ခွဲပေါင်း ၆၀၀ ကျော်ကို United States နဲ့ Canada မှာဖွင့်လှစ်ထားပါတယ်။ အခုဆို Coach ရဲ့ဆိုင်ခွဲတွေဟာ မြန်မာနိုင်ငံကိုပါ ရောက်ရှိလို့နေပါပြီ။ သူ့ရဲ့ leather တွေကြောင့် နာမည်ကြီးနေတဲ့ Luxury brand တစ်ခုလည်း ဖြစ်ပါတယ်။ Product  ရဲ့စျေးနှုန်းတွေကို များသောအားဖြင့် $500 ကနေစတင်ရောင်းချပါတယ်။ လက်ရှိမှာတော့ Selena Gomez နဲ့ Collaboration လုပ်ထားပြီး product များစွာကို ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။

9. Fendi – Brand Value: $3.6 Billion

နံပါတ် ၈ မှာ နေရာယူထားတဲ့ brand ကတော့ Fendi ပါ။ Italy luxury brand တစ်ခုဖြစ်ပြီး ၁၉၂၅ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းတာအရဆိုင်ခွဲပေါင်း (၁၁၇) ဆိုင်ဖွင့်လှစ်ပြီးဖြစ်ပါတယ်။

8. Burberry – Brand Value: $4.1 Billion

Britain brand တစ်ခုဖြစ်တဲ့ Burberry ကတော့ ကမ္ဘာနံပါတ် ၈ နေရာမှာယူထားပြီး ၁၈၅၆ ခုနှစ်မှာ Thomas Burberry ကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ နိုင်ငံ ၅၀ မှာ ဆိုင်ခွဲပေါင်း ၅၀၀ ကိုဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

7. Cartier – Brand Value: $6.3 Billion

Cartier ကတော့ ပြင်သစ် brand တစ်ခုဖြစ်ပြီး jewelry နဲ့ နာရီတွေကို အဓိကထုတ်လုပ်ရောင်းချနေပါတယ်။ ၁၈၄၇ ခုနှစ် Paris မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ကမ္ဘာနံပါတ်အဆင့် ၇ မှာရပ်တည်နေတဲ့ Luxury brand တစ်ခုဖြစ်ပါတယ်။

6. Chanel – Brand Value: $7 Billion

ပြင်သစ် brand တစ်ခုဖြစ်တဲ့ Chanel အကြောင်းကတော့ အားလုံးသိပြီးသားဖြစ်လို့ ထွေထွေထူးထူးပြောပြနေစရာမလိုလောက်ပါဘူး။ Brand ကိုတော့ ၁၉၀၉ မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Chanel ရဲ့ တစ်ခုတည်းသောစျေးအကြီးဆုံး item ကတော့ “The Chanel “Diamond Forever” ဆိုတဲ့ $261,000 တန်ဖိုးရှိအိတ်ဖြစ်ပါတယ်။

5. Rolex – Brand Value: $7.9 Billion

Rolex နာရီတွေရဲ့ဂုဏ်သတင်းကျော်ကြားမှုကတော့ တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားနိုင်ပါတယ်။ Brand ကို London မှာစတင်ခဲ့တာဖြစ်ပြီး ၁၅ နှစ်အကြာမှာတော့ Switzerland ကိုပြောင်းရွှေ့ခဲ့ကြပါတယ်။ အခုချိန် Rolex ရဲ့ headquarters ကတော့ Geneva, Switzerland မှာဖြစ်ပါတယ်။

4. Prada – Brand Value: $9.4 Billion

Italy brand တစ်ခုဖြစ်တဲ့ Prada ကတော့ ၁၉၁၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ Valuable Global Brands 2013 Top 100 စာရင်းရဲ့  ၉၅ အဆင့်မှာ နေရာယူထားခဲ့ပါသေးတယ်။

3. Gucci – Brand Value: $12.7 Billion

တစ်ကမ္ဘာလုံးအတိုင်းအတာအရ နံပါတ် ၃ အဆင့်မှာ နေရာယူထားတဲ့ Gucci ကိုတော့ ၁၉၂၁ မှာ Guccio Gucci ကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Gucci ရဲ့အကြောင်းကတော့ တစ်ကမ္ဘာလုံးသိပြီးသားဖြစ်လို့ အထူးပြောနေစရာ လိုမယ်မထင်ပါဘူး။

2. Hermès – Brand Value: $19.2 Billion

ပြင်သစ် luxury brand တစ်ခုဖြစ်တဲ့  Hermès ကိုတော့ ၁၈၃၇ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး Valuable Global Brands ရဲ့ Top 100 စာရင်း အဆင့် ၄၀ မှာနေရာယူခဲ့ဖူးပါတယ်။ Hermès ရဲ့လူကြိုက်များကျော်ကြားတဲ့ အိတ်တွေထဲမှ Birkin Bag ကိုတော့ $203,150 နဲ့ရောင်းချခဲ့လို့ လူတွေကို အံ့သြသင့်စေခဲ့ပါတယ်။

1. Louis Vuitton – Brand Value: $28.4 Billion

အားလုံးသိချင်နေတဲ့ ကမ္ဘာနံပါတ်တစ် luxury brand ကတော့ Louis Vuitton ပါတဲ့….။ ဒါကို အားလုံးလည်း တွေးမိထင်မိသားဖြစ်ရင်လည်း ဖြစ်မှာပါ။ LV ရဲ့ကျော်ကြားမှုကတော့ ကမ္ဘာမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီး အားလုံးကို အခုချိန်ထိ လွှမ်းမိုးထားနေဆဲပါ။

Leave a Reply:

Your email address will not be published. Required fields are marked *