Style လည်းကျ အပြင်ထွက်ရင်လည်း ပေါ့ပေါ့ပါးပါးလေးဘဲ ဝတ်ချင်တယ်ဆိုတဲ့ Lazy Girl လေးများအတွက်

March 15, 2018

အဝတ်စား heavy ကြီးတွေ ဝတ်ပြီး အပြင်ထွက်ရမှာ စိတ်ညစ်တတ်တဲ့ ကောင်မလေးတွေအတွက် အပြင်ထွက်တဲ့အခါ ပေါ့ပေါ့ပါးပါးလည်းဖြစ် style လည်းကျချင်တယ်ဆိုရင်တော့ ရှိထားသင့်တဲ့ အဝတ်စားလေးတွေကို recommand ပေးချင်ပါတယ်နော်။

1. Jean Jacket

ဂျင်း Jacket တစ်ထည်လောက်ကတော့ ရှိထားသင့်တာ အမှန်ပါ။ ဂျင်း Jacket တွေဟာ အမြဲတမ်း smart ကျပြီး တခြားအဝတ်စားအကြပ်တွေလို stress လည်းမဖြစ်စေဘူး ကိုယ့်ကိုလည်း cover လုပ်ပေးတယ်လေ။ တဖက်လူကိုရဲ့ အမြင်မှာလည်း ကြည့်ကောင်းစေတယ်။

2.Sneaker

သင့်ဘဝမှာ Sneaker ကောင်းကောင်းလေး တရံလည်းရှိထားဖို့ လိုအပ်တယ်နော်။ များသောအားဖြင့် Sneaker လေးတွေဟာ အဝတ်စားဒီဇိုင်းအမျိုးမျိုးနဲ့ လိုက်ဖက်မှုရှိပြီး စီးရတာလည်း ပေါ့ပေါ့ပါးပါးနဲ့ ခေတ်ဆန်ပြီး ကျော့ကျော့မော့မော့ဖြစ်စေတယ်။

3. Block Heels

Block Heel လေးတွေကတော့ တခြား high heel ကြီးတွေလို အချိန်ကြာရင် ခြေထောက်နာလာတာမျိုးတွေ မဖြစ်စေဘဲ လမ်းလျှောက်ရတာလည်း ခရီးမြန်မြန်ရောက်စေတယ်။ နေ့စဉ်စီးလို့ သင့်တော်တဲ့ ဖိနပ်မျိုးထဲမှာ ပါဝင်တဲ့အတွက် ဒီလို Block Heel တွေကလည်း ရှိထားသင့်ပါတယ်။

4.Exaggerated Sweater

ဆွယ်တာဆိုလို့ ဆောင်တွင်းဝတ် ဆွယ်တာကြီးတွေကို မျက်စိထဲမမြင်လိုက်ပါနဲ့။ အလှဝတ်ဆွယ်တာ ပါးပါးပွပွလေးတွေကို ပြောတာပါနော်။ သက်တောင့်သက်သာဖြစ်ပြီး အကယ်၍ အရမ်းအေးတဲ့ shopping mall တွေ ရုပ်ရှင်ရုံတွေထဲ ရောက်ခဲ့မယ်ဆိုရင်တောင် ဆွယ်တာလေးဟာ သင့်ကိုအကူညီဖြစ်စေပါတယ်။

 

5. Black Skinny Jeans

Skinny Jean ရှိသင့်တာတော့ အားလုံးသိကြမယ်လို့ ထင်ပါတယ်။ အနက်ရောင် Jean ကောင်းကောင်း တစ်ထည်ဟာ အသက်အရွယ်တိုင်းကို တော်တော်လေး ခရီးရောက်ပါတယ်။ အချိန်တိုင်း နေရာတိုင်းအတွက် အထူးသင့်တော်ပြီး ပေါ့ပါးလွတ်လပ်မှုအတွက်လည်း စိုးရိမ်စရာမလိုတော့ပါဘူး။

 

ကဲ ဒါဆို ဘယ်လိုလေးတွေ ဘာလေးတွေရှိထားရမလဲဆိုတာ သိပြီပေါ့နော်။ ပြန်စဉ်းစားကြည့်လေကြည့်လေ တကယ်လိုအပ်တာမှန်လေဘဲဆိုတာ အသေချာဘဲ။ ဘယ်လိုနေရာဒေသမှာဘဲဖြစ်ဖြစ် တကယ်အသုံးဝင်မယ့် ပစ္စည်းလေးတွေဖြစ်လို့ တခါတည်းနဲ့ အရည်သွေးကောင်းကောင်းလေးတွေ ဝယ်ထားဖို့လည်း လိုတယ်နော်။

Leave a Reply:

Your email address will not be published. Required fields are marked *