Deadpool Fashion နဲ့ တွေ့ရတဲ့ Blake Lively

May 17, 2018

မကြာခင်ရုံတင်ပြသတော့မယ့် Deadpool 2 ရုပ်ရှင်ရဲ့ Premiere show ကို Deadpool Character အဖြစ်သရုပ်ဆောင်တဲ့ Ryan Reynolds က ဇနီးဖြစ်သူ Blake Lively နှင့်အတူ တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာ သူမရဲ့ ဖက်ရှင်ကတော့ ယောက်ျားဖြစ်သူ Reynolds ရဲ့ Deadpool Character ကို support လုပ်တဲ့အနေနဲ့ Deadpool Fashion ကို ဖန်တီးပြီး ဝတ်ဆင်လာတာဖြစ်ပါတယ်။

သူမဝတ်ဆင်လာတဲ့ ဝတ်စုံရဲ့ ပုံစံကရိုးရှင်းပေမယ့် Deadpool ရဲ့ အရောင်တွေအတိုင်း ရွေးချယ်ဖန်းတီထားတာဖြစ်ပါတယ်။ ဖိနပ်ကတော့ Christian Louboutin ကဖြစ်ပါတယ်။ မိတ်ကပ်ကိုတော့ smokey eye ပုံစံပြင်ထားပြီး အနီရောင်နှုတ်ခမ်းနီကို ဆိုးထားပါတယ်။clutch ကတော့ Judith Leiber Couture ရဲ့ party mix clutch ကို ကိုင်ဆောင်ထားတာဖြစ်ပြီး စျေးနှုန်းကတော့ $3,995 ဖြစ်ပါတယ်။

Deadpool ရဲ့ပထမဦးဆုံး ရုပ်ရှင်ကိုတော့ ၂၀၁၆ မှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး Deadpool 2 ကိုတော့ ၂၀၁၈ မှာ ပြသပေးသွားမှာဖြစ်ပါတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *