Converse နဲ့ collab လုပ်လိုက်တဲ့ Miley Cyrus

June 11, 2018

အသစ်အဆန်းတွေ အမြဲဖန်တီးတတ်တဲ့ Miley Cyrus တစ်ယောက်ကတော့ Converse နဲ့ ပူးပေါင်းပြီး sneaker ဒီဇိုင်းအသစ်တွေကို ထုတ်လုပ်လိုက်ပါတယ်။ သူမရဲ့ စတိုင်တစ်ခုအနေနဲ့ တွေ့ရမယ့် ဒီ sneaker တွေကို ပထမဆုံးအနေနဲ့ Pride 2018 အတွက် LGBT တွေကို ရည်ရွယ်ပြီး Rainbow အရောင်တွေနဲ့ ပတ်သက်တဲ့ sneaker ဒီဇိုင်းမျိုးစုံကို ထုတ်လုပ်လိုက်ပါတယ်။ စျေးနှုန်းအနေနဲ့ sneaker ဒီဇိုင်းပေါ်မူတည်ပြီး အမျိုးမျိုးခွဲခြားသတ်မှတ်ထားပါတယ်။ လက်ရှိမှာတော့ sneaker ဒီဇိုင်း (၄)မျိုး ရှိပြီး စျေးနှုန်းအသီးသီး သတ်မှတ်ထားပါတယ်။

ဒီဇိုင်းတွေအနေနဲ့ အရပ်ပုတဲ့သူတွေပါ စီးလို့အဆင်ပြေနိုင်အောင် sneaker အမြင့်ဒီဇိုင်းတွေနဲ့ sneaker ရဲ့ခြေအတိုအရှည် ဒီဇိုင်းမျိုးစုံကိုပါ ထုတ်လုပ်ထားတာတွေ့ရပါတယ်။ အမျိုးသား/အမျိုးသမီး စီးလို့အဆင်ပြေနိုင်တဲ့ ဒီဇိုင်းတွေဖြစ်တာကြောင့် သီးသန့်သတ်မှတ်ထားခြင်းလည်း မရှိပါဘူး။ ကဲ ဒါဆို စျေးနှုန်းနဲ့ ဒီဇိုင်းလေးတွေကို ကြည့်လိုက်ရအောင်နော်။

CONVERSE PRIDE X MILEY CYRUS CHUCK TAYLOR ALL STAR PLATFORM HIGH TOP – $95

  

CONVERSE PRIDE X MILEY CYRUS CHUCK 70 HIGH TOP – $95

  

CONVERSE PRIDE X MILEY CYRUS CHUCK TAYLOR ALL STAR HIGH TOP – $70

  

CONVERSE PRIDE X MILEY CYRUS CHUCK TAYLOR ALL STAR LOW TOP – $65

  

 

Leave a Reply:

Your email address will not be published. Required fields are marked *