မြန်မာငွေ သိန်း ၂၀ တန် ပလပ်စတစ်ဦးထုပ်တွေကို ထုတ်လုပ်ရောင်းချလိုက်တဲ့ Chanel

March 16, 2018

ကမ္ဘာကျော် Luxury brand တစ်ခုဖြစ်ပြီး စျေးကြီးလွန်းလို့ လူတိုင်းအနားမကပ်နိုင်တဲ့ CHANEL ကတော့ ပလပ်စတစ်ဦးထုပ်တွေကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။ ပစ္စည်းတန်ဖိုးကို မြန်မာငွေနဲ့ တွက်ကြည့်လိုက်မယ်ဆို သိန်း ၂၀ နီးပါးတန်ပါတယ်။ ပစ္စည်းကို ရောင်းနေတာလား တံဆိပ်ကိုရောင်းစားတာလားဆိုတာတော့ ဝယ်ယူသူနဲ့ ရောင်းချသူဘဲ သတ်မှတ်နိုင်တဲ့ ကိစ္စပါ။

ဒီ ပလပ်စတစ် collection ကိုတော့ Chanel ရဲ့ spring 2018 runway မှာ စတင်မြင်တွေ့ရတာဖြစ်ပြီး Chanel Creative Director Karl Lagerfeld က waterproof ဖြစ်တဲ့ ပလပ်စတစ်ဦးထုပ်တွေကို ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ အရောင်အနေနဲ့ အဖြူအရစ်နဲ့ အနက်အရစ် ၂မျိုးခွဲခြားထားပါတယ်။

ထူးဆန်းတာက ဒါကို $1,150 ပေးပြီး အလုအယက်ဝယ်ကျတဲ့ လူတွေ တပုံကြီးပါ။ Chanel fan တွေအနေနဲ့ သူတို့ကြိုက်တဲ့ brand ကို ဂုဏ်သတင်းအရ ဝယ်ယူသုံးစွဲနေမှာ သေချာလို့ ထုတ်လုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

  

Leave a Reply:

Your email address will not be published. Required fields are marked *