၂၀၁၈ ရဲ့ CFDA Influencer Award ကို Kim Kardashian ရရှိနိုင်

May 10, 2018

အသက် ၃၇နှစ်ရှိပြီဖြစ်တဲ့ Kim Kardashian ကတော့ ဒီနှစ်မှာပြုလုပ်မယ့် CFDA Fashion Awards  ပွဲမှာ Influencer Award ကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ CFDA ဆိုတာကတော့ Council of Fashion Designers of America လို့ အမည်ရပါတယ်။ CFDA ရဲ့ Award တွေကိုသတ်မှတ်ထားတဲ့ Category တွေအနေနဲ့ Womenswear Award, Menswear Award, Emerging Talent Award for Ready-to-Wear, International Award,The Founder’s Award ဆိုပြီး ခွဲခြားထားပါတယ်။ ထူးခြားစွာနဲ့ ဒီနှစ်မှာတော့ Influencer Award ကို ထပ်တိုးချီးမြှင့်ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။ ဒီဆုအတွက်တော့ ပထမဆုံး Influencer အနေနဲ့ ရရှိနိုင်မယ့် သူကတော့ Kim Kardashian ဖြစ်တဲ့အကြောင်းကိုလည်း ပြောထားပါသေးတယ်။ သူမကတော့ လက်ရှိမှာ Instagram follower 111 Millions တောင်ရရှိထားသူ တစ်ယောက်ဖြစ်တာကြောင့် global influencer တစ်ယောက်လည်းဖြစ်သလို စီးပွားရေးသမားတစ်ယောက်လည်းဖြစ်တယ်ဆိုတဲ့အကြောင်းကို CFDA ရဲ့ Chairwoman Diane Von Furstenberg ကပြောကြားထားပါတယ်။
Kim Kardashian ကတော့ ဒီနှစ်ထဲမှာဘဲ Calvin Klein ရဲ့ compaign များစွာမှာ ညီမဖြစ်သူ Kylie, Kendall တို့နှင့်အတူ ပါဝင်ထားပါသေးတယ်။ CFDA ပွဲကြီးကိုတော့ ဇွန်လ ၄ရကနေ့ Brooklyn Museum မှာ ခမ်းနားစွာကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Concealers Kits launching 3-23 KKWBEAUTY.COM #ConcealBakeBrighten

A post shared by Kim Kardashian West (@kimkardashian) on

Leave a Reply:

Your email address will not be published. Required fields are marked *