၂၀၁၉ ရဲ့ ဖက်ရှင် ဘုရင်မလို့ သတ်မှတ်ခံထားရတဲ့ Celine Dion

January 28, 2019

နာမည်ကျော် အဆိုတော် Celine Dion ဟာဆိုရင် ပြီးခဲ့တဲ့အပတ် ပြင်သစ်မှာကျင်းပတဲ့ Haute Couture shows ကို တတ်ရောက်ခဲ့ပါတယ်။ Sharp-Shouldered suits ကို စီးထားပြီး fuchsia minidresses ကို ဝတ်ဆင်ထားပါတယ်။ အပြိုင်အဆိုင်များတဲ့ အနောက်တိုင်း ဖက်ရှင်လောကမှာ သူမဟာ လန်းနေဆဲပဲလို့ သက်သေပြခဲ့သလိုပါပဲ ဒီဖက်ရှင်ဟာဆိုရင် Celine Dion  အတွက် အသစ်အဆန်းဖြစ်ပြီး အရင်တုန်းက ဒီဇိုင်းတွေနဲ့ မတူတာကို တွေ့ရပါတယ်။ ဒါကြောင့် သူမဟာ ပြင်သစ်မှာ ကျင်းပခဲ့တဲ့ Haute Couture shows မှာ အခုလို ဒီဇိုင်းအသစ်ကို ရွေးချယ်ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

Celine Dion ဟာဖက်ရှင်နဲ့ ပတ်သက်တဲ့ အရင်တုန်းက အမြင်တွေကို ပြောင်းလိုက်ပုံပါဘဲ အခုချိန်မှာ ဖက်ရှင်နဲ့ ပတ်သက်ပြီး အားလုံးနမူနာယူရတဲ့ RunWay ပေါ်က ဖက်ရှင်တွေကို သူမစိတ်ဝင်စားနေတာကိုလည်း တွေ့ရပါတယ်။ အရင်ကသူမဝတ်နေကျ ဖက်ရှင်မျိုးနဲ့ မတူဘဲ ကွဲထွက်နေတာကို ကြည့်ခြင်းဖြင့် သူမရဲ့ ဖက်ရှင်အမြင်တွေ ပျော့ပျောင်းလာတာ တွေ့ရပါတယ်။

အခုဖက်ရှင်ဟာဆိုရင်လည်း ၁၉၇၀ ခုနစ်ခေတ်စားခဲ့တဲ့ retro စတိုင်ကို မှီငြမ်းပြီး ၂၀၁၉ ခုနစ် version နဲ့ ပြန်လည်ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်တဲ့ ဒီဇိုင်နာတွေ stylelist တွေရဲ့ ခန့်မှန်းချက်အရ ၂၀၁၉ ခုနစ်မှာ ၇၀ပြည့်နှစ်က retro စတိုင်တွေ ပြန်လည်ခေတ်စားလာမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အခု Celine Dion ဝတ်ဆင်ခဲ့တဲ့ smocky frocks ဝတ်စုံ (အမျိုးသမီးဝတ်စုံ အပွအရှည်) တွေကို တခြားနာမည်ကျော်ဆယ်လီတွေ ၂၀၁၉ မှာ အပြိုင်အဆိုင် ဝတ်လာနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။

ပြင်သစ်မှာကျင်းပတဲ့ Haute Couture shows ကို တတ်ရောက်ခဲ့တဲ့ သူမရဲ့ dress ဟာ ခြေသလုံးထိရှည်ပြီး ဝတ်စုံအရှေ့မှာ အတွန့်အဖက်အကြီးဒီဇိုင်းနဲ့ ဝတ်စုံအစကနေ အဆုံးအထိ တပ်ဆင်ထားပါတယ်။ ဝတ်စုံရဲ့အရောင်ဖြစ်တဲ့ နို့နှစ်ရောင်ပေါ်မှာ ပန်းပွင့် သေးသေးလေးတွေနဲ့ နဲ့ ချိတ်ပုံစံသေးသေးလေးတွေဟာ သူမကို ပိုပြီးအရွယ်တင်နုပျိုသွားစေပါတယ်။

ဒီဝတ်စုံရဲ့အပေါ်မှာတော့ အစိမ်းပုပ်ရောင်တောက်တောက် အပေါ်ထပ်အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားပါသေးတယ်။ တခြား ဝတ်ဆင်ထားတာတွေကတော့ ပုလဲနားကပ်နဲ့ လက်ကောက်၊ အိတ်ကြီးကြီတစ်လုံး တို့နဲ့ တွဲဖက်ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ ဘာပဲပြောပြော Celine Dion ကတော့ ဖက်ရှင်ဘုရင်မ တပါးလိုပါပဲနော်။

Ref: https://www.vogue.com

 

Leave a Reply:

Your email address will not be published. Required fields are marked *