ကမ္ဘာကျော် Celebrity များရဲ့ ကိုယ်ပိုင် Fashion Line များ

March 26, 2018

ဒီတခါတော့ အားလုံးချစ်ခင်ရတဲ့ ကမ္ဘာကျော် Celebrity များနဲ့ သူတို့ရဲ့ ကိုယ်ပိုင် fashion line တွေဖြစ်တဲ့ brand တွေကို ဖော်ပြပေးဖို့ အဆင်သင့်ရှိနေပြီ။ အားလုံးလည်း စိတ်ဝင်စားမယ်လို့ မျှော်လင့်ထားပါတယ်။ ကိုယ်ချစ်ရတဲ့ celebrity တွေများ ပါနေမလားလို့ ကြည့်လိုက်ကြရအောင်နော်။

Beyoncé Knowles 

ကမ္ဘာကျော် အဆိုတော်လည်းဖြစ် တေးရေးသူဆိုလည်းဟုတ်တဲ့ Beyoncé ကတော့ သူမရဲ့ မိခင်ဖြစ်သူ Tina Knowles နဲ့ House of Deréon ဆိုတဲ့ ready-to-wear fashion line ကို စတင်ခဲ့သူဖြစ်ပါတယ်။

  
Victoria Beckham

သူမကတော့ ကမ္ဘာကျော် professional ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ David Beckham ၏အမျိုးသမီးဖြစ်ပြီး၂၀၀၈ ခုနှစ်မှာ သူမရဲ့ eponymous clothing line ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ သူမကတော့ စီးပွားရေးသမားလည်းဖြစ်သလို ဖက်ရှင်ဒီဇိုင်နာ၊ မော်ဒယ် နဲ့ အဆိုတော်တစ်ယောက်အနေနဲ့ပါ အသက်မွေးဝမ်းကြောင်း ပြုသူတစ်ဦး ဖြစ်ပါတယ်။

Jennifer Lopez

သူမရဲ့ brand ကိုသိတဲ့သူလည်း ရှိနိုင်သလို မသိသေးတဲ့သူလည်း ရှိမယ်လို့ထင်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ သူမရဲ့ J.Lo ဆိုတဲ့ brand ကို စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး Jennifer Lopez Collection နဲ့စတင်ခဲ့ပါတယ်။

Britney Spears

Britney ကတော့ သူမရဲ့ clothing line ကို ၂၀၀၉ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။  ၅နှစ်ကြာပြီးတဲ့နောက်မှာတော့ The Intimate Britney Spears ဆိုတဲ့ သူမရဲ့ lingerie line ကို စတင်ခဲ့ပါတယ်။

Rihanna

Rihanna ကတော့ ကမ္ဘာကျော် brand တစ်ခုဖြစ်တဲ့ PUMA နဲ့တွဲဖက်ပြီး Fenty Puma fashion line ကို စတင်မိတ်ဆက်ပေးခဲ့ပြီး ထုတ်လုပ်ရောင်းချနေဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ Fenty Beauty နဲ့ အနုပညာကို ဆက်လက်လုပ်ကိုင်နေပါတယ်။

 

Kendall Jenner and Kylie Jenner

Kendall နဲ့ Kylie တို့ ညီမနှစ်ယောက်ကတော့ Kendall + Kylie ဆိုတဲ့ lifestyle brand ကို ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကြပါတယ်။ နောက်တခုက Topshop နဲ့လည်း collaborate လုပ်ခဲ့ကြပါသေးတယ်။

  

Gigi Hadid

Gigi ကတော့ Tommy Hilfiger ရဲ့ brand ambassador တစ်ယောက်ဖြစ်ပြီး သူမရဲ့ Tommy x Gigi Collection ကို စတင်ခဲ့ပါတယ်။ ဒီ Collection မှာတော့ အမျိုးသမီး sportswear, footwear, accessories, watches, sunglasses နဲ့ fragrance တွေကို အဓိကထုတ်လုပ်ထားပါတယ်။

 

Selena Gomez

Selena ကတော့ Coach နဲ့ပေါင်းပြီး သူမရဲ့ fashion line ကို မကြာသေးခင်နှစ်ကဘဲ မိတ်ဆက်ပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူတို့ရဲ့ collection သစ်ကို Ready to wear တွေပါ ပါဝင်လာတော့မယ့်အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

 

Leave a Reply:

Your email address will not be published. Required fields are marked *