သက်တောင့်သက်သာဖြစ်ပြီး ပေါ့ပါးလွတ်လပ်တဲ့ခံစားမှုကို ရရှိစေနိုင်မယ့် Birkenstock Sandals!

March 2, 2018

ခရီးသွားရတာကိုနှစ်သက်ခုံမင်ပြီး ရာသီဥတုပူပြင်းတာကြောင့် ဘယ်လိုဖိနပ်မျိုးကိုရွေးချယ်ရမလဲဆိုတာအတွေးများနေသူတွေအတွက် Birkenstock Sandals ကိုမိတ်ဆက်ပေးချင်ပါတယ်။ ဒီဖိနပ်လေးကိုလမ်းလျောက်များသူတွေအသုံးပြုရန်အထူးသင့်တော်ပါတယ်။ လေဝင်လေထွက်ကောင်းခြင်းကြောင့် ခြေထောက်မှထွက်ပေါ်လာတဲ့အနံ့ဆိုးတွေဖြစ်ခြင်းကိုစိတ်ပူစရာမလိုပါဘူး။ ခြေထောက်နဲ့ကွက်တိအံဝင်အောင်ချုပ်လုပ်ထားပြီး ဖိနပ်အသားမကောင်းခြင်းကြောင့်ခြေဖဝါးနာကျင်ခြင်းမျိုးကိုမဖြစ်စေပါဘူး။ ဖိနပ်ချုပ်လုပ်တဲ့အခါမှာ အသုံးပြုတဲ့ကုန်ကြမ်းပစ္စည်းတွေကိုလည်းစည်းစနစ်ကျစွာစီစစ်ရွေးချယ်အသုံးပြုထားတာကြောင့် အရေအသွေးပိုင်းမှာလည်းစိတ်ချမှုအပြည့်အဝပေးနိုင်မှာပါ။ စီးလိုက်တဲ့အခါမှာပေါ့ပါးပြီးအသုံးပြုထားတဲ့သားရေအရေအသွေးကောင်းမွန်တာကြောင့် မွမ်းမံစရာမလိုလောက်အောင်နူးညံ့တာကိုခံစားရမှာဖြစ်ပြီး တာရှည်ခံတာကိုတွေ့မြင်ရမှာပါ။ ဖိနပ်မှာပါဝင်တဲ့အစိတ်အပိုင်းတခုစီတိုင်းကို အသေးစိတ်ဂရုတစိုက်ချုပ်လုပ်ထားတာကြောင့် အသုံးပြုသူများအနေနဲ့ကျေနပ်မှုကိုခံစားရမှာပါ။ ခြေထောက်ဆိုဒ်တွေအားဖြင့်၃၅ကနေ၄၁အထိရှိတာကြောင့် အမျိုးသမီးသာမကအမျိုးသားပါစီးလို့ရပါတယ်။ ရိုးရှင်းပေါ့ပါးတဲ့အသွင်ကိုဆောင်ပြီး မည်သည့်အဝတ်အစားမျိုးနဲ့မဆိုလိုက်ဖက်တာကြောင့် ပျိုမေတို့အနေနဲ့ပေါ့ပေါ့ပါးပါးလေးစီးချင်တယ်ဆိုရင်တော့ Birkenstock Sandals ကအသင့်တော်ဆုံးဖြစ်မှာပါ။ စျေးနှုန်းအနေနဲ့ကတော့ $129 မှစပြီး အစားစားပြောင်းလဲသွားမှာပါ။

  

  

  

Leave a Reply:

Your email address will not be published. Required fields are marked *