မင်္ဂလာပွဲမှာ သတို့သမီးအရံလေးတွေအတွက် ဝတ်စုံလေးတွေ ခေါင်းမစားရလေအောင်…

February 8, 2018

မင်္ဂလာဆောင်ပွဲတွေမှာ သတို့သမီးက အရေးကြီးဆုံးဆိုတာ မှန်ပေမယ့် သတို့သမီးအရံလေးတွေလည်း သတို့သမီးနီးပါး လှဖို့လိုအပ်ပါတယ်နော်။ ဒါမှသာ လှပပြည့်စုံတဲ့ မင်္ဂလာပွဲတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လှပပြည့်စုံတဲ့ မင်္ဂလာပွဲတစ်ခုအတွက် စျေးနှုန်းသင့်တင့်ပြီး အရည်သွေးကောင်းမွန်တဲ့ Bridesmaid Dress လေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။ မကြောခင်သေးခင်ကမှ စျေးနှုန်း £100 အောက်ရှိတဲ့ ချစ်စရာ Bridesmaid Dress လေးတွေကို Oasis ကနေ မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။

ဒီ dress လေးကတော့ စျေးနှုန်း £85 သာရှိပြီး Bridesmaid တစ်ယောက်အတွက် လှပမှု့နဲ့ဆန်းသစ်မှု့ကို တပြိုင်နက်ပေးနိုင်တဲ့ dress လေးလည်းဖြစ်ပါတယ်။ Dress လေးရဲ့ နာမည်ကတော့ AMY SLINKY COWL NECK MAXI လို့ခေါ်ပါတယ်နော်။

  

ဒီ dress လေးကလည်း သတို့သမီးအရံလုပ်မယ့် ကောင်မလေးငယ်ငယ်လေးတွေနဲ့ လိုက်ဖက်တဲ့ဒီဇိုင်းလှလှ Bridesmaid Dress လေးတစ်ထည်ဖြစ်ပါတယ်။ စျေးနှုန်းကလည်း £90 သာရှိတာမို့ သင့်တော်တဲ့ Bridesmaid Dress လေးတစ်ထည်ဖြစ်ပါတယ်။ Dress လှလှလေးရဲ့ နာမည်ကတော့ LUCY CHIFFON PLEATED MAXI ပါတဲ့နော်။

  

ဒီ lace dress လေးကတော့ မိန်းကလေးတိုင်း ကြိုက်နှစ်သက်နိုင်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ ဒီဝတ်စုံလေးကို ဝတ်လိုက်တာနဲ့ ခံစားရမယ့် feeling က ဒဏ္ဍာရီထဲကအမျိုးသမီးလေးတစ်ယောက်ကဲ့သို့ ကိုယ့်ကိုယ်ကိုခံစားမိမှာ ဖြစ်ပါတယ်။ အရောင်ကတော့ ၂ရောင်ရှိပါတယ်။ Dress လေးရဲ့နာမည်ကတော့ ELLIE LACE TOP PLEATED MIDI ဖြစ်ပြီး စျေးနှုန်းလေးကတော့ £85 ပါတဲ့…။

  

ANNIE MULTIWAY MAXI DRESS လေကတော့ အားလုံးထဲမှာ စျေးအတန်ဆုံးနဲ့ အဆန်းဆုံးဒီဇိုင်းလေးလို့ ပြောပါရစေနော်။ ခပ်ဆန်းဆန်းကြိုက်တဲ့ အမျိုးသမီးငယ်လေးအတွက် သင့်တော်လိုက်ဖက်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ စျေးနှုန်းလေးကလည်း £90 ဆိုတော့ ဘာစဉ်စားနေစရာလိုသေးလဲပေါ့…။

  

ဒီတခါတော့ cutties ဆန်ဆန်ကြိုက်တဲ့ သူငယ်ချင်းဘဲဖြစ်ဖြစ် ညီမလေးဘဲဖြစ်ဖြစ် ကြိုက်နှစ်သက်နိုင်တဲ့ dress ဒီဇိုင်းလေးပါ။ အရောင်ကလည်း Navy နဲ့ Pink ၂ရောင်ထွက်ပါတယ်။ စျေးနှုန်းလေးကတော့ £85 ဖြစ်ပြီး နာမည်လေးကတော့  DARCY SATIN BODICE LACE MIDI လို့ခေါ်ပါတယ်။

  

နောက်ဆုံးဖော်ပြချင်တဲ့ Bridesmaid Dress လေးကတော့ GRACIE LACE TOP PLEATED MAXI လို့ခေါ်တဲ့ gorgeous ဖြစ်တဲ့ bridesmaid dress လေးပါ။ lace ကြိုက်တဲ့ သတို့သမီးအရံလေးအတွက် လုံခြုံပြီးလှပမှုရှိတဲ့ dress လေးတစ်မျိုးဖြစ်ပါတယ်။ စျေးနှုန်းလေးကတော့ £85 ပါတဲ့နော်။

  

ကဲ…ဒါဆိုအခုတင်ပေးတဲ့ dress လှလှလေးတွေကြောင့် မင်္ဂလာပွဲအတွက်ခေါင်းစားစရာတစ်ခုလျော့သွားလိမ့်မယ်လို့ ထင်ပါတယ်နော်။ ဒီလိုလှပတဲ့ Bridesmaid Dress လေးတွေကို ဒီ website ကနေဝယ်မှရနိုင်မှာမဟုတ်ဘဲ ဒီဇိုင်နာကောင်းကောင်းဆီမှာ အပ်မယ်ဆိုရင်တောင်ရနိုင်တဲ့ ဝတ်စုံဒီဇိုင်းလေးတွေဖြစ်လို့ ကိုယ်ကြိုက်နှစ်သက်တဲ့အရောင်လေးတွေ ချုပ်ဝတ်ရင်းလှပပြည့်စုံတဲ့မင်္ဂလာပွဲလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Leave a Reply:

Your email address will not be published. Required fields are marked *