NBR ဆုပေးပွဲကို Versace ဝတ်စုံနဲ့ တက်ရောက်ခဲ့တဲ့ စူပါမော်ဒယ် Irina Shayk

January 16, 2019

၂၀၁၉ နှစ်အတွက် နယူးယောက်မြို့မှာကျင်းပခဲ့တဲ့ National Board of Review awards gala ပွဲမှာ Irina Shayk တို့စုံတွဲလည်း တက်ရောက်ခဲ့ကြပါတယ်။ စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Irina Shayk ဟာဆိုရင် ပြဿနာတွေကြောင့် ကာလအတန်ကြာအောင် ပျောက်ကွယ်နေခဲ့ပြီး NBR ဆုပေးပွဲကိုတော့ Versace ဝတ်စုံကို ဝတ်ဆင်ကာ တတ်ရောက်လာခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်း Bradley ကတော့ Christian Louboutin ရဲ့ ဖိနပ်ကို စီးထားပြီး Gucci ဝတ်စုံကို ဝတ်ဆင်ခဲ့ကာ လိုက်ဖက်တဲ့ ဖက်ရှင်တွေနဲ့ ပွဲတက်လာကြကို တွေ့ရပါတယ်။

 

View this post on Instagram

 

Brad & Irina at NBRAwards in New York! ?? #BradleyCooper #IrinaShayk #NBRAwards

A post shared by Bradley Cooper (@bradleycooper__original) on

NBR ပွဲမှာ ဝတ်ဆင်လာတဲ့  Versace ဝတ်စုံဟာဆိုရင် dress ကော berets ဦးထုပ်ပါ အနီရောင်အကွက်အစိတ် ကော်လားအရှည်ဒီဇိုင်းဖြစ်ပြီး ပေါင်အလည်ထိ အရှည်ကို ဝတ်ဆင်လာခဲ့တာပါ။

ဘေးနှစ်ဖက်မှာ ဇစ်ကို အလှတပ်ဆင်ထားပြီး အနက်ရောင် shoe ဒေါက်အရှည်ကို စီးထားတာက လုံးဝလိုက်ဖက်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လက်ကိုင်အိတ်ကတော့ အနက်ရောင်ပေါ်မှာ Versace logo ရွှေရောင်လေးတွေနဲ့ လှဆင်ထားပြီး အနီရောင်ဝတ်စုံနဲ့ ပေါင်းစပ်လိုက်ရင် သူမကို လူအများကြားမှာ ပိုပြီးသတိထားမိစေပါတယ်။

 

View this post on Instagram

 

Coming after 2019 like ❤?? @donatella_versace @versace

A post shared by irinashayk (@irinashayk) on

Versace ရဲ့ ပင်တိုင်မော်ဒယ်တစ်ယောက်ဖြစ်သလို သူမကတော့ ၂၀၁၂ ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ Vanity Fair post-Oscars party ကနေစပြီး ယနေ့အချိန်ထိ ပွဲတော်တော်များကို Versace ဝတ်စုံနဲ့ပဲ တတ်ခဲ့တာလို့ သိရပါတယ်။ Versace ရဲ့ ဒီဇိုင်နာ  Donatella Versace နဲ့လည်း ခင်ခင်မင်မင် ရင်းရင်းနှီးနှီးရှိလှပါတယ်။

 

View this post on Instagram

 

Magic by @harryjoshhair & @ttmakarova?

A post shared by irinashayk (@irinashayk) on

Vogue မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ Irina Shayk ဟာ ၂၀၁၂ ကနေ ၂၀၁၉ အထိ နာမည်ကျော် red carpet ပွဲတွေမှာ Versace ဝတ်စုံကို (၂၆)စုံဝတ်ဆင်ခဲ့တယ်လို့ ဖော်ပြထားပါသေးတယ်။ သူမ နောက်ထပ်ဝတ်ဆင်တဲ့ နာမည်ကျော် brand တွေကတော့ Givenchy, Balmain, La Perla, Roberto Cavalli, Lacoste and Guess,  Miu Miu, Givenchy, Bottega Veneta, Moschino နဲ့ Versace တို့ပါ။

အသက် (၃၃)နှစ်ရှိပြီဖြစ်တဲ့ သူမဟာ ရုရှားမော်ဒယ်တစ်ဦးဖြစ်သလို  ဇနီးသည်တစ်ဦးလည်းဖြစ်ပြီး Lea လို့ခေါ်တဲ့ (၁)နှစ်အရွယ်သမီးလေးတစ်ယောက်လည်းရှိပါတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *