၂၀၁၈ မှာခေတ်စားလာမဲ့ ဖိနပ်ဒီဇိုင်းနဲ့ Brand အသီးသီး…….

January 2, 2018

တစ်နေ့ထက်တနေ့တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ Fashion ဆိုတာကလည်း  ပြောင်းလဲမှုရဲ့ ထိပ်ဆုံးမှာမဖြစ်မနေ နေရာယူနေပါတယ်။ ဒါကြောင့်မို့ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲဆိုတာကို မျက်ချေမပျက်စောင့်ကြည့်နေဖို့က သင့်တာဝန်ပါ။ တနေ့တမျိုးမတူကွဲပြားတဲ့ ဒီဇိုင်းအသစ်တွေထဲမှာ 2018 အတွက် နေရာယူနေတဲ့ ဖိနပ်ဒီဇိုင်းတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဖိနပ်ဒီဇိုင်းကတော့ backless slipper shoe တွေဘဲဖြစ်ပါတယ်။ ဒီ shoe ဒီဇိုင်းကို Inernational brand တော်တော်များကပါ ထုတ်လာကြပြီး celebrity တော်တော်များများစီးလာလို့ လက်ရှိမှာတော့ တော်တော်လေး trend ဖြစ်နေတဲ့ ဒီဇိုင်းပေါ့။ ဒါဆို ကျွန်ုပ်နဲ့အတူ brand အသီးသီးရဲ့ ဒီဇိုင်းနဲ့ စျေးနှုန်းတွေကို စပ်စုလိုက်ကြရအောင်နော်။

  

  

ဒါလေးကတော့ GUCCI ကဖြစ်ပါတယ်။ color အဖြူ၊ အနက် ၂မျိုးထွက်ရှိထားပြီး leather သားဖြစ်လို့ ရေစိုမိုးစိုခံနိုင်ပါတယ်။ သူရဲ့စျေးနှုန်းကတော့ USD $ 790 ဖြစ်ပါတယ်။

  

  

ဒီ backless slipper shoe လေးကတော့ Le Monde Beryl  ဖြစ်ပြီး အတွင်းပိုင်းကိုတော့ leather နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ အပြင်ပိုင်းကိုတော့ ကတ္တီပါသားလေးနဲ့ ထုတ်လုပ်ထားလို့ သူရဲ့ဒီဇိုင်းက culture နဲနဲဆန်ပြီး Demin Fashion နဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ ပိုပြီးလိုက်ဖက်မှုရှိနိုင်ပါတယ်။ သူ့ရဲ့စျေးနှုန်းလေးကတော့ $475 ဖြစ်ပါတယ်။

  

ဒါလေးကတော့ မိန်းကလေးတွေတော်တော်လေးကြိုက်မယ့်ဒီဇိုင်းဆိုတာ အာမခံပါတယ်နော်။ ဖိနပ်ကို အသေးစိတ်အလှဆင်ထားပြီး ပုလဲတွေ၊ ပန်းတွေနဲ့ နန်းဆန်ဆန်ဒီဇိုင်းလေးကတော့ သိပ်ကိုမက်မောစရာကောင်းလှပါတယ်။ သူကိုတော့ MANGO ကထုတ်လုပ်ထားတာဖြစ်ပြီး $ 76 လောက်ဖြစ်ပါတယ်။

  

ဒီတခါ backless shoe လေးကိုတော့ Christian Louboutin ကနေထုတ်လုပ်ထားတာဖြစ်ပါတယ်။ classic design ကို black color လေးဖြစ်တဲ့အတွက် အဝတ်အစားသိပ်မရွေးပါဘူး။ 35mm အမြင့်လေးဖြစ်လို့ စီးရတာလည်းအခက်ခဲလည်း မဖြစ်နိုင်ပါဘူး။ သူ့ရဲ့စျေးနှုန်းကတော့ $ 845 USD ဖြစ်ပါတယ်။

   

ဒါလေးကတော့ MARNI brand ကဖြစ်ပါတယ်။ ဖိနပ်တစ်ခုလုံးကို နွားသားရေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သားရေသားကြောင့် glossy လိုပြောင်ပြောင်လေး ဖြစ်နေမှာပါ။ စျေးနှုန်းကတော့ $ 690  ဖြစ်ပြီး sale ကာလမှာဝယ်ရင်တော့ $276 ဖြစ်ပါတယ်။

  

& Other Stories brand  ရဲ့ backless shoe လေးတွေကတော့ color လေးတွေက ထူးထူးခြားခြားလေးပါ။ တမျိုးတည်းထွက်ရှိတာဖြစ်ပြီး Purple နဲ့ blue စပ်ထားတဲ့ color လေးပါ။ စျေးနှုန်းကတော့ $ 106 ဖြစ်ပါတယ်။

  

backless shoe  တွေမျိုးစုံထုတ်နေကြတဲ့ အထဲမှာ မတူကွဲပြားနေတဲ့ ဒီ backless shoe  လေးကိုတော့ Robert Clergerie ကထုတ်လုပ်ထားတာဖြစ်ပြီး color သုံးရောင်စပ်ထားပါတယ်။ ဖိနပ်တစ်ခုလုံးကို leather တွေနဲ့ ပြုလုပ်ထားလို့ ပွဲလယ်တင့်တယ်စေပါတယ်။ သူရဲ့စျေးနှုန်းကတော့ $567 ဖြစ်ပါတယ်။

  

Üterque brand ကတော့ SPAIN brand တစ်ခုဖြစ်ပြီး သူရဲ့ blackless shoe လေးကတော့ အမျိုးသမီးအရွယ်မရွေးနဲ့ လိုက်ဖက်စေတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ ပန်းပွင့်အဆင်လေးနဲ့ တခြားအလှဆင်ထားတာဘာမှမပါဘဲ ရိုးရှင်းပြီးလှနေတဲ့ ဒီဇိုင်းလေးပါ။ စျေးနှုန်းကတော့ $132 ဖြစ်ပြီး sale ချရင်တော့ $ 87 လောက်ဘဲရှိပါတယ်။

  

ZARA ရဲ့  blackless shoe ကလည်းတော်တော်လေးလှပါတယ်။ ဖိနပ်တစ်ခုလုံးကို ငွေချည်ထိုးဒေါင်းရုပ်နဲ့ အလှဆင်ထားပြီး ဖိနပ်သားကတော့ ကတ္တီပါသားဖြစ်ပါတယ်။ အတွင်းပိုင်းကလည်း ကတ္တီပါသားဖောင်းကြွဖြစ်လို့ စီးရတာသက်တောင့်သက်သာဖြစ်စေမှာပါ။ သူ့ရဲ့စျေးနှုန်းလေးကတော့ $54 ဖြစ်ပြီး sale ဆိုရင်တော့ $ 25 လောက်ဘဲရှိပါတယ်။

 

Leave a Reply:

Your email address will not be published. Required fields are marked *