Underwear ဝယ်ဖို့ ရွေးချယ်တော့မယ်ဆိုရင်……

January 24, 2018

အမျိုးသမီးတစ်ယောက်အတွက် ခန္ဓာကိုယ်လှလှလေးနဲ့ Fashion ကျကျလှပဖို့ရန်အတွက် အဓိက Foundation ကတော့ Underwear တွေဘဲ ဖြစ်ပါတယ်။ အပေါ်ယံအဝတ်အစားတွေ ဘယ်လောက်ဘဲကောင်းကောင်း အထဲကအတွင်းခံတွေ ပုံကျပြီး fitting ဖြစ်မှသာလျှင် smart ကျကျလှပစေပြီး ခန္ဓာကိုယ်အလှကို ပေါ်လွင်စေမှာဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ အမျိုးသမီးတွေ အများစုခံစားရလေ့ရှိတဲ့ ရင်သားကင်ဆာဖြစ်တာမျိုးတွေကို ကာကွယ်ဖို့ရန်အတွက်လည်း အတွင်းခံတွေနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာမှာ အရမ်းလူကြိုက်များပြီး popular ဖြစ်နေတဲ့ အကောင်းဆုံးအတွင်းခံ brand တချို့ကိုလက်တို့ပြီး မျှဝေပေးချင်ပါတယ်။

ဒီ bra ကတော့ CHANTELLE brand ကဖြစ်ပါတယ်။ ပေါ့ပါးပြီး ရင်သားကိုပင့်တင်နိုင်အားကောင်းလို့ လူကြိုက်များနေတဲ့ bra လည်းဖြစ်ပါတယ်။ အသားကလည်း ထူပိန်းပိန်းကြီးမနေဘဲ ဖောက်မြင်နိုင်လောက်အောင်ထိ ပါးလွှာလို့အပေါ်ယံအဝတ်စားပါးပါးလေးတွေ ဝတ်ရင်လည်း အဆင်ပြေမှာအသေချာပါဘဲ။ စျေးနှုန်းကတော့ $ 78.00 ဖြစ်ပါတယ်။

  

အခုပြတဲ့ bra လေးကတော့ THIRDLOVE brand ကထုတ်လုပ်ထားတာဖြစ်ပါတယ်။ THIRDLOVE ဆိုတဲ့အတိုင်း bra ရဲ့ဆွဲဆောင်မှု့ကတော့ အချစ်တွေကြွေဆင်းသွားနိုင်ပါတယ်။ Lace T-Shirt Bra အမျိုးစားဖြစ်လို့ ပေါ့ပါးပြီးသက်တောင့်သက်သာဖြစ်စေမှာတော့ အသေချာပါဘဲ။ Lace လေးပါတော့ bra ရဲ့လှပမှုကို ပေါ်လွင်ပြီးဆွဲဆောင်မှုအပြည့်ရှိနေမှာဖြစ်ပါတယ်။ color လေးတွေကလည်း အရမ်းမရိုင်းဘဲ ဆွဲဆောင်မှု့အပြည့်ရှိနေပါတယ်။ စျေးနှုန်းလေးတွေကတော့ $72 ဖြစ်ပါတယ်နော်။

  

  

  

  

  

ဒီတခါ bra ကတော့ မိန်းကလေးတိုင်းချစ်မြတ်နိုးရတဲ့ VICTORIA’S SECRET ကထုတ်လုပ်ထားတဲ့ bra ဖြစ်ပါတယ်။ Uplift Bra ဆိုတဲ့အတိုင်း ရင်သားတွဲကျလို့ စိတ်ညစ်နေတဲ့ အမျိုးသမီးတွေအတွက် အထူးသင့်တော်စေပါတယ်။ နောက်တခုက လည်ဟိုက်ဝတ်တဲ့အချိန် ယုံကြည်မှု့ရှိရှိနဲ့ ဝတ်ဆင်နိုင်တဲ့ bra အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဇာလေးတွေပါဝင်လို့ လှပပြီးဆွဲဆောင်မှုရှိစေမှာပါ။ စျေးနှုန်လေးကတော့ $34.50 ဖြစ်ပါတယ်။

  

  

Bra ရွေးတော့မယ်ဆိုရင် TOPSHOP ကထုတ်တဲ့ bra လေးတွေကိုလည်း မေ့မထားသင့်ပါဘူး။ စျေးနှုန်းလေးတွေကလည်း သင့်သင့်ပြီး အရည်သွေးကောင်းမွန်လို့ စဉ်စားရမယ့် brand တစ်ခုလည်း ဖြစ်ပါတယ်။ အခုဖော်ပြပေးလိုက်တဲ့ set လေးကတော့ lace တွေနဲ့ထုတ်လုပ်ထားလို့ အမြင်လည်းလှတယ်။ ပေါ့ပါးပြီးဆန်းသစ်နေစေမှာပါ။ စျေးနှုန်းအရလည်း set လိုက်မှ $50.00 ဆိုတော့ ဝယ်ပျော်ပြီပေါ့။

ဒါလေးကတော့ SIMONE PERELE က bra ဖြစ်ပါတယ်။ စျေးကတော့ တခြား brand တွေထက် နည်းနည်းလေးပိုကြီးပါတယ်။ ဒါပေမဲ့ ပေးရတဲ့စျေးထက် ရလဒ်ကပိုများနေတာကြောင့် အမျိုးသမီးတိုင်းကြိုက်နှစ်သက်တဲ့ brand တစ်ခုအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ ဒီ bra လေးကလည်း အင်မတန်မှ soft ဖြစ်လို့ ဝတ်ရတာပေါ့ပါးပြီး နူးညံ့စေပါတယ်။ T-shirt bra အမျိုးအစားဖြစ်လို့ ချွေးထွက်ရင်တောင် စိတ်အနှောက်ယှက်မဖြစ်စေနိုင်ပါဘူး။ စျေးနှုန်းကတော့ $95.00 ဖြစ်ပါတယ်။

   

Leave a Reply:

Your email address will not be published. Required fields are marked *