၂၀၁၈ ရဲ့ Fashion မှာ ပြန်လည်အသက်ဝင်လာတဲ့ Belt Bag Fashion

January 25, 2018

တစ်နှစ်နဲ့ တစ်နှစ် မတူကွဲပြား ပြောင်းလဲလာတဲ့ Fashion တွေထဲမှာ အိတ်တွေကိုလည်း မေ့ထားလို့မရပါဘူး။ သင်ဟာ Fashion ချစ်သူတစ်ယောက်ဆိုရင်တော့ Fashion နဲ့ပတ်သက်ပြီး ဟိုအရင်ကျော်ကြားခဲ့တဲ့ fashion တွေရော ပြန်လည်လူကြိုက်များလာမယ့် fashion တွေကိုပါ မျက်ခြေမပျက်လေ့လာနေဖို့ လိုအပ်ပါတယ်။ အခုလိုအမြဲလေ့လာနေတဲ့ သူတွေကြားမှာ ပြန်လည်အသက်ဝင်လာတဲ့ Fashion တစ်မျိုးကတော့ Belt Bag လို့ ခေါ်တဲ့ အိတ်တွေဖြစ်ပါတယ်။ ၂၀၁၈ အစပိုင်းမှာကတည်းက အနောက်နိုင်တော်တော်များများရဲ့ Fashion လောကမှာ ပြန်လည်အသက်ဝင်လာပြီးနောက် brand အသီးသီကပါ Belt Bag ဒီဇိုင်းအမျိုးမျိုးကို လှပဆန်းသစ်အောင် ထုတ်လုပ်လာကြပါတယ်။  ဒါကြောင့်မို့ ၂၀၁၈ အတွက် ရေပန်းစားလာနိုင်တဲ့ Belt Bag Fashion လေးတွေကို တင်ပေးလိုက်ပါတယ်နော်။

GUCCI က belt bag လေးကတော့ ဒီဇိုင်း ၂မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ စျေးနှုန်းကတော့ GG Marmont belt bag ကတော့ $ 1,290 ဖြစ်ပြီး GG Marmont matelassé leather belt bag ကတော့ $ 1,100 ဖြစ်ပါတယ်။ အခုတလော Celebrity တွေအများစုကြားမှာ ခေတ်စားနေတဲ့ အိတ်လည်းဖြစ်ပါတယ်။

  

  

SUPREME ကထုတ်ထားတဲ့ Supreme Waist bag – Black လေးကတော့ အမျိုးသားတွေနဲ့ ပိုသင့်တော်ပြီး အမျိုးသမီးတော်တော်များများလည်း Street style အဖြစ်တွဲဖက်ဝတ်ဆင်လာတာကို တွေ့ရပါတယ်။ စျေးနှုန်းကတော့ $218.00 ဖြစ်ပါတယ်။

VERSACE ကထုတ်လုပ်ထားတဲ့ Belt bag ဒီဇိုင်းအသစ်တွေဖြစ်ပါတယ်။

   

   

Leave a Reply:

Your email address will not be published. Required fields are marked *