နီယွန်အင်္ကျီဖက်ရှင်နဲ့ LV ပွဲကို တတ်ရောက်လာတဲ့ Bella Hadid

January 15, 2019

Bella Hadid ရဲ့ ဖက်ရှင်တွေဟာ အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ သူမဟာ runway တွေမှာ မပါမဖြစ် အရေးပါသူတစ်ယောက်ဖြစ်ပြီး ပြင်ပမှာလည်း သူမရဲ့ နေ့စဉ်ဝတ်ဆင်တဲ့ ဒီဇိုင်းတွေက အားလုံးရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပါသေးတယ်။ ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့တုန်းက Bella Hadid ဟာ Louis Vuitton နဲ့ Chrome Hearts တို့ ပူးပေါင်းဖွင့်လှစ်လိုက်တဲ့ store-opening party ကို တတ်ရောက်လာခဲ့ပါတယ်။

ဒီ store-opening party မှာ Bella Hadid ရဲ့ fashion ကတော့ နီယွန်အဝါရောင်ရှပ်အင်္ကျီအရှည်ကို ဝတ်ဆင်ခဲ့ကာ ရှပ်အင်္ကျီအရှည်က ပေါင်လည်အထိ ရှိနေပါတယ်။ အင်္ကျီက လက်ရှည်ဖြစ်ပြီး လက်ဆစ်နားလေးမှာ စည်းထားပြီး လည်ပင်းကနေ ခါးအထိ အပေါ်ထပ် jacket ပုံစံဖြစ်ပြီး အိတ်ကပ်အကြီး(၃)ခုပါရှိကာ အလယ်မှာ ဇစ်နဲ့ အလှဆင်ထားပါတယ်။

ခါးကနေ ပေါင်လည်ထိကတော့ ကြယ်သီးတပ်ဆင်ထားပါတယ်။ အင်္ကျီက တစ်ထည်တည်းဖြစ်ပေမယ့်လည်း ပုံစံ ၂မျိုး ရှိနေပြီး လက်နဲ့ ခါးအောက်ပိုင်းအရောင်က နုပြီး အပေါ် jacket ဒီဇိုင်းဖက်မှာတော့ အရောင်ရင့်ပါတယ်။ Sneakers အထူးစားကို ခြေချင်းဝတ်အထိ ခြေအိတ်အရှည်နဲ့ တွဲဖက်စီးထားပြီး စိန်နားကပ်ကို ဝတ်ဆင်ထားပါသေးတယ်။ ဘောင်းဘီတော့ မဝတ်ထားပါဘူး။

Hadid ရဲ့  Sneakers ဖိနပ်ဟာဆိုရင် LV အမျိုးအစားဖြစ်ပြီး ဒေါ်လာ ၁၀၉၀ တန်ဖိုးရှိပါတယ်။ သူမဝတ်ဆင်ခဲ့တဲ့ နီယွန်အဝါရောင်ရှပ်အင်္ကျီအရှည် အရှည်ဟာဆိုရင် Louis Vuitton နဲ့ Virgil Abloh  တို့ပူပေါင်း ထုတ်လုပ်ထားတဲ့ Men’s Spring/Summer ’19 collection ထဲက အမျိုးအစားဖြစ်တယ်လို့ သူမရဲ့ Instagram  bellah.closet မှာ ဖော်ပြထားပါတယ်။

သူမရဲ့ ဝတ်ဆင်ခဲ့တဲ့ နားကပ် (၂)ရံရဲ့ တန်ဖိုးဟာဆိုရင် ဒေါ်လာ (၃၅၀) တန်ဖိုးရှိပါတယ်။ ရှပ်အင်္ကျီကို ဘောင်းဘီနဲ့ တွဲဖက်မဝတ်တာဟာ ဒါက ပထမဆုံးအကြိမ်တော့မဟုတ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက သူမရဲ့ boyfriend နဲ့အတူတူ နယူးယောက်မှာ လမ်းလျှောက်ထွက်ခဲ့တုန်းက ဖရုံသီးအရောင် ဆွယ်တာအရှည်မှာလည်း ဘောင်းဘီနဲ့ တွဲဖက်မဝတ်ဆင်ခဲ့တာကို တွေ့ရပါတယ်။

ဆွယ်တာရဲ့ အရှည်ဟာဆိုရင် ပေါင်လည်အထိရှိပြီး အဲဒီတုန်းက ဆွယ်တာအရှည်ကို အနက်ရောင် အိတ်သေးသေးလေးကို လွယ်ထားကာ အနက်ရောင်ရှုးဖိနပ်ကို ဝတ်ဆင်ထားပါသေးတယ်။ ဆွယ်တာဝတ်စုံရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၆၉၀ ရှိပြီး သူမနဲ့ အလွန်လိုက်ဖက်တာကို အားလုံးက သတိပြုမိခဲ့ကြပါသေးတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *