ပွယောင်းတဲ့ ဝတ်စုံကြောင့် ပွဲအပြီးမှာ ဒေါသထွက်နေတဲ့ အဆိုတော် Bebe Rexha

January 28, 2019

အဆိုတော် Bebe Rexha ဟာဆိုရင် ပြီးခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ သူမဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဟာ အလွန်ကြီးနေတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ ဝတ်စုံရဲ့ ဆိုဒ် အရွယ်အစားဟာ နံပါတ် ၈ ဖြစ်နေခဲ့တာပါ။ သူမဟာ ဒီဝတ်စုံကို မဝတ်ချင်ပေမယ့်လည်း ဒီဇိုင်နာရဲ့ တိုက်တွန်းမှုကြောင့် ဝတ်ခဲ့ရတယ်လို့ သူမက ထုတ်ဖော်ပြောခဲ့ပါတယ်။

Bebe Rexha ဟာဆိုရင် အမေရိကန်အနုပညာရင် တစ်ယောက်ဖြစ်ပြီး “I’m a Mess,” “Meant to Be,” နဲ့ “Me, Myself & I,” သီချင်းတွေနဲ့ ကျော်ကြားခဲ့ပါတယ်။ ဒါ့အပြင် နာမည်ကျော် အဆိုတော်ဖြစ်တဲ့ Eminem နဲ့ Rihanna တို့နဲ့လည်း အလုပ်အတူတူ တွဲလုပ်ခဲ့ဖူးပါတယ်။ ၆၁ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ new artist အုပ်စုထဲမှာ ဆုလျာထားခြင်းခံရသလို၊ သူမရဲ့သီချင်းဖြစ်တဲ့ Meant to Be ဟာဆိုရင်လည်း best country duo နဲ့ group performance တို့မှာ လျာထားခြင်း ခံခဲ့ရပါတယ်။

ဂရမ်မီဆုပေးပွဲအပြီးမှာတော့ Bebe Rexha ဟာ သူမရဲ့ Instagram မှာ သူမရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး အတွေ့အကြုံကို ထုတ်ဖော်ပြောခဲ့ပါတယ်။

“နောက်ဆုံးမှာတော့ ဂရမ်မီဆု လျာထားခြင်းခံရတာ အကောင်းဆုံး ဆုလာဒ်ပါပဲ။” အဲဒီနောက်သူမက ဆက်ပြောခဲ့ပါတယ်။” အနုပညာရှင်အများစုဟာ ဒီဇိုင်နာတွေနဲ့ အချိန်တော်တော်များများ ကုန်ဆုံးရပါတယ်။ Red carpet မှာဝတ်ရမယ့် ဝတ်စုံတွေကိုလည်း ဒီဇိုင်နာတွေကပဲ ပြုလုပ်ပေးကြပါတယ်။ အများစုကို နာမည်ကြီး ဒီဇိုင်နာတွေက ပြုလုပ်ပေးတာပါ။” “ငါ့ရဲ့ဒီဇိုင်နာကိုတော့ ထုတ်လိုက်ပါပြီ။ ဒီပွဲမှာ ဖက်ရှင်နဲ့ပတ်သက်တဲ့ ဆုံးရှုံးမှုတွေ ရခဲ့လို့ပါပဲ။ အရမ်းကြီးတဲ့ ဝတ်စုံကို ဝတ်ဆင်ပေးခဲ့လို့ပါ” “ဆိုဒ်နံပါတ် ၆-၈ ဟာ ငါ့အတွက် အလွန်ကြီးနေပါတယ်။ ဒါကို သူမသိခဲ့ပါဘူး။”  သူမကနောက်ထပ် ဆက်ပြောခဲ့တာကတော့ “ငါဟာ ဒီဝတ်စုံကို မဝတ်ချင်ခဲ့ပါဘူး။ အလွန်ရူးကြောင်နိုင်လွန်းပါတယ်” ” သင်တို့ကို ပြောချင်တာကတော့ ကမ္ဘာပေါ်က အမျိုးသမီးတွေအနေနဲ့ ဆိုဒ်နံပါတ် ၈ဟာ သင်တို့နဲ့ လိုက်ဖက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း မတော်တာကို မဝတ်ပါနဲ့” ” ဘာကြောင့် ဒီလိုပွနေတဲ့ ဝတ်စုံကို ဘာလို့ဝတ်တာလဲဆိုတာ လူတွေပြောကြပါလိမ့်မယ်။” ” စိတ်ပျက်စရာပါပဲ” ” ဒီဝတ်စုံကို ဝတ်ရတာ စိတ်ပျက်စရာ ကောင်းပါတယ်။”

သူမရဲ့ post အောက်မှာ မိတ်ဆွေအချို့ကလည်း comment တွေ ဝင်ရေးခဲ့ပါတယ်။ ဆိုဒ်နံပါတ် ၆-၈ဟာဆိုရင် အမေရိကန်မှာတော့ ဆိုဒ်ကြီး(over size) မဟုတ်သေးပါဘူး။ တကယ့် over size က နံပါတ် ၁၄ ပါ။ Runway မော်ဒယ်တွေကတော့ ဆိုဒ်နံပါတ် ဝ-၄ အတွင်း ဝတ်ဆင်ကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အမေရိကန်အမျိုးသမီးအများစု ၆၈ရာခိုင်နှုန်းဟာ ဆိုဒ်နံပါတ် ၁၆-၁၈ အတွင်းဝတ်ဆင်ကြပါတယ်။ တစ်နိုင်ငံလုံးကို အနှစ်ချုပ်လိုက်မယ်ဆိုရင်တော့ ဆိုဒ်အများစုဟာ ၁၄ အထက်မှာ ရှိနေပါတယ်။

Ref: https://www.thisisinsider.com

Leave a Reply:

Your email address will not be published. Required fields are marked *