Balenciaga ရဲ့ Platform Crocs ကတော့ ဒီဇိုင်းအသစ်ထုတ်လိုက်လည်း လူကြိုက်များနေဆဲပါ….
February 7, 2018

Spring/summer 2018 collections အတွက် ပုံစံအသစ်ပြောင်းထုတ်လိုက်တဲ့ Balenciaga ရဲ့ rubber sandals (FOAM PLATFORM SANDALS) အသစ်တွေ officially released မတိုင်ခင်မှာ Sold Out ဖြစ်သွားပါတယ်တဲ့…။ အရင်ကထွက်ရှိဖူးတဲ့ ဒီဇိုင်းနဲ့ပုံစံတူပေမယ့် အနည်းငယ်ကွဲပြားမှုကတော့ အောက်ပိုင်းရဲ့ဖိနပ်အမြင့်မှာ 10cm အမြင့်နဲ့ ထွက်ရှိလာတာဖြစ်ပါတယ်
With the Women Spring Summer 18 runway show, Balenciaga launches the “Foam” shoes, a 10 cm platform version of the iconic @Crocs clog. pic.twitter.com/TsjgjkllF2
— Balenciaga (@BALENCIAGA) October 1, 2017
Sold Out ဖြစ်ပြီးနောက် $850 (£600) နဲ့ February 1st မှာ pre-order တွေကိုလက်ခံခဲ့ပေမယ့် နာရီပိုင်းအတွင်းမှာတင် sold out ထက်ဖြစ်သွားတဲ့အထိ လူကြိုက်များခဲ့ကြပါတယ်။ တစ်ကြိမ်တည်းနဲ့ အံ့သြလောက်စရာကောင်းတဲ့ ရောင်းအားဖြစ်လို့ ‘dad sandal’ လို့တောင် အမည်တွင်နေပါတယ်။ Balenciaga ရဲ့အရင်ထွက်တဲ့ ဒီဇိုင်းကတည်းက လူကြိုက်များခဲ့ကြတဲ့ rubber sandals တွေဟာ လူကြီးလူငယ်မရွေး ကလေးကအစ ကြိုက်နှစ်သက်မှု အခိုက်အမာရရှိထားပြီးတော့ ဒီနေ့ထိရေပန်းစားနေဆဲ ဖိနပ်လည်းဖြစ်ပါတယ်။