ရွှေခြုံလွှာဒီဇိုင်းမျိုးစုံသာမက စိန်ခြုံလွှာကိုပါ ပထမဆုံးချပြလိုက်တဲ့ အောင်သမာဓိရွှေဆိုင်

February 15, 2018

ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ခေတ်တွေဘယ်လိုပဲပြောင်းလဲပြောင်းလဲ ဝတ်စားဆင်ယင်မှုတွေ ဘယ်လိုပင်ပြောင်းလဲပြောင်းလဲ  မြန်မာဝတ်စုံတွေကိုတော့ နှစ်ခြိုက်စွာဝတ်ဆင်နေမြဲ ဖြစ်ပါတယ်။ ခေတ်အလိုက်ဝတ်စုံဒီဇိုင်းတွေ ပြောင်းလဲလာသလိုပဲ အောင်သမာဓိစိန်ရွှေရတနာဆိုင်ကနေပြီး မြန်မာလူမျိုးတွေပွဲလယ်မှာ ထည်ထည်ဝါဝါနဲ့ လှပနိုင်ဖို့ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးရွှေထည်စစ်စစ်ရွှေခြုံလွှာကို ၂၀၀၈ ခုနှစ်မှာပထမဆုံးချပြနိုင်ကြခဲ့ပါတယ်။ တကယ်ပဲသုံးစွဲသူတွေ အားလုံးပြောစရာမရှိအောင်ကျေနပ်အားရခဲ့ပြီး ဝယ်သူအကြိုက်ဒီဇိုင်းမျိုးစုံကိုပြုလုပ်ဖန်တီးပေးခဲ့ပါတယ်။ ယခု ၂၀၁၈မှာလည်းနောက်ဆုံးပေါ်စက်ပစ္စည်းများအသုံးပြုပြီး ဝါရင့်ပန်းထိမ်ဆရာကြီးများရဲ့ လှပသေသပ်တဲ့ လက်ရာများဖြင့် စိန်ပေါင်း ၃၀၀ ကို ရွှေဖြင့်ခတ်ထားတဲ့ စိန်ရတနာခြုံလွှာကိုချပြလိုက်ပါပြီ။ ယခုစိန်ရတနာခြုံလွှာကိုဖြင့် ဂဟေဆော်ပြုလုပ်ထားခြင်းမျိုးမဟုတ်ဘဲ အဆင့်မြင့်လေဆာဖြင့် စိန်လေးတွေကို ရွှေခြုံလွှာထဲထည့်သွင်းပြုလုပ်ထားပါတယ်။

အောင်သမာဓိဟာ ခေတ်အဆက်ဆက် ပြောစရာမလိုလောက်အောင်ဝယ်ယူသုံးစွဲသူတွေရဲ့ ကျေနပ်အားရမှုကို ရရှိထားရုံသာမက ရွှေရည်ပြည့်မှီကြောင်းယုံကြည်စိတ်ချမှုကိုပါ ရရှိထားတဲ့စိန်ရွှေရတနာဆိုင်ပါ။ မချီးကျူးပဲမနေနိုင်လောက်အောင် အောင်သမာဓိစိန်ရွှေရတနာဆိုင်ရဲ့ လက်ရာတွေဟာအရမ်းကို အနုစိတ်သေသပ်လှပလှပါတယ်။ မြန်မာအမျိုးသမီးတိုင်း ဒီလိုလှပထည်ဝါတဲ့ခြုံပုဝါလေးနဲ့ဆိုရင်တော့ အလှူမင်္ဂလာပွဲသာမက  ဘွဲ့နှင်းသဘင်တို့မှာလည်း တကယ်ကိုအများနဲ့မတူ နန်းဆန်နေတော့မှာပါ။

Leave a Reply:

Your email address will not be published. Required fields are marked *