အမှိုက်အိတ်တွေကို သုံးပြီး ပွဲတက်ဝတ်စုံဖန်တီးပြခဲ့တဲ့ ဘလော့ဂါ

May 14, 2018

ဟိုယခင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ လှုံ့ဆော်တဲ့အနေနဲ့ ပလပ်စတစ်အိတ်တွေ၊ တစ်ခါသုံးပစ္စည်းတွေကိုသုံးပြီး အဝတ်အစားနဲ့အသုံးအဆောင်တွေဖန်တီးခဲ့ကြတာမြင်ဖူးကြမှာပါ။ အများအားဖြင့် ပစ္စည်းတွေဟာ ခပ်ရိုးရိုးဒီဇိုင်းတွေမို့ လူစိတ်ဝင်စားမှုလျော့နည်းခဲ့ပါတယ်။ ဒီတစ်ခါတော့ ဘလော့ဂါတစ်ယောက်ဟာ ပါရမီ ရှင်တို့မည်သည် ဆေးစက်ကျရာအရုပ်ထင်သည် ဆိုတဲ့ရှေးစကားကို သက်သေပြလိုက်နိုင်ပြီထင်ပါတယ်။ သူမဟာ သုံးပြီးသားပလပ်စတစ်အမှိုက်အိတ် အနက်ရောင်တွေကို အသုံးပြုကာ အံ့အားသင့်ဖွယ်လှပစွဲဆောင်မှုရှိတဲ့ ပွဲတက်ဂါဝန်လေးတစ်ခုကို ဖန်တီးပြလိုက်နိုင်ခဲ့ပါတယ်။

ဒီလိုဖန်တီးချုပ်လုပ်နိုင်ဖို့ စိတ်ကူးရခဲ့တာကတော့ နောက်ပြောင်ထားတဲ့ ကွန်မန့်တစ်ခုကနေဖြစ်တည်လာတာပါလို့ ဘလော့ဂါ Amber Scoll ကဆိုခဲ့ပါတယ်။ ကျွန်မကို ဖော်လိုဝါတစ်ယောက်က “ခင်ဗျားဟာ  အမှိုက်အိတ်တွေကိုတောင် ကြည့်ကောင်းအောင်ဖန်တီးနိုင်စွမ်းရှိမှာပါ” လို့နောက်ပြောင်ပြီးကွန်မန့်ပေးခဲ့တယ်လေ။ အဲ့ဒါကိုဖတ်ပြီး ဒီလိုလုပ်ဖို့စိတ်ကူးရခဲ့တာပါလို့ သူမက ဖွင့်ဟခဲ့ပါတယ်။သူမဟာ ဒီဝတ်စုံကိုဖန်တီးဖို့အတွက် ကပ်ကြေး၊ ကော်၊ ပလပ်စတစ်အမှိုက်အိတ်အနက်ရောင်တွေနဲ့ ဇာအနက်ရောင် အစရှိတဲ့ သာမာန်ပစ္စည်းလေးတွေနဲ့ပဲအသုံးပြုဖန်တီးထားတာပါ။

သူမလိုဖန်တီးဝတ်ဆင်ချင်တဲ့သူတွေ နမူနာယူဖို့အတွက်လည်း ပြုလုပ်ပုံဗီဒီယိုလေးကို တင်ခဲ့ပါသေးတယ်။ သူမက ထပ်မံပြီး “စျေးကြီးတဲ့ ဝတ်စုံတွေကိုပဲဝတ်ဆင်ဖို့ထက် ကိုယ့်မှာရှိတဲ့ပစ္စည်းလေးတွေကိုသုံးပြီး လှပတဲ့ဝတ်စုံတွေဖန်တီးလို့ရတယ်ဆိုတဲ့အကြောင်းကို မိန်းကလေးတွေ သိစေချင်တယ်” လို့လည်း ဆိုခဲ့ပါသေးတယ်။ Amber က Twitter မှာ ဒီလို Post တင်ခဲ့တာပါ။ လူတွေက မင်းကိုအမှိုက်လို့ခေါ်ရင် အမှိုက်တွေသုံးပြီးဝတ်စုံလန်းလန်းတွေဖန်တီးပြလိုက်ပါ လို့လဲ စာရေးခဲ့ပါသေးတယ်။

ဘလော့ဂါဖြစ်တဲ့ Amber Scoll ဟာ သူမရဲ့ဝတ်စုံကို Twitter မှာတင်ခဲ့ပြီးနောက် ဒီpost ဟာ retweet လုပ်သူ သုံးထောင်ကျော်နဲ့ Like သောင်းနှစ်ထောင်ကျော်ရရှိခဲ့ပါတယ်။ သူမရဲ့ လက်ရာဒီလောက်အထိ အောင်မြင်သွားမယ်မထင်ခဲ့ပါဘူးလို့ Amber ကပြောခဲ့ပါသေးတယ်။ Amber ရဲ့ အမှိုက်အိတ်ကနေ ပွဲတက်ဂါဝန်ဖန်တီးခဲ့ပုံကိုကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါ video မှာ ကြည့်ရှူနိုင်ပါတယ်နော်။

Leave a Reply:

Your email address will not be published. Required fields are marked *