Zara Fashion ရဲ့ လူသိနည်းသော အကြောင်းများ

May 3, 2018

အခုနောက်ပိုင်း မြန်မာမိန်းကလေးအများစုကြားမှာ ရေပန်းစားခေတ်စားလာတဲ့ fashion ကတော့ Zara ဖြစ်ပါတယ်။ နောက်ဆုံးပေါ်ဒီဇိုင်းတွေကို အများဆုံးထုတ်လုပ်ပြီး အရည်သွေးကောင်းမွန်တဲ့ fashion ဒီဇိုင်းတွေကြောင့် မြန်မာအမျိုးသမီးတော်တော်များများကလည်း ကြိုက်နှစ်သက်လာကြတာဖြစ်ပါတယ်။ စျေးနှုန်းအရ လူတိုင်းဝယ်မဝတ်ကြပေမယ့် လူငယ်တွေအနေနဲ့ အကောင်းဆုံးနဲ့ comfortable ဖြစ်တဲ့ brand ကို ပြောပါဆိုရင် Zara ကိုဘဲ ပြောကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ Zara ကိုတော့ မြန်မာနိုင်ငံမှာ အလွယ်တကူဝယ်လို့ မရသေးပေမယ့် website တွေကနေတဆင့်တော့ အလွယ်တကူဝယ်လို့ ရနိုင်ပါတယ်။ ကဲ ဒီလောက်ဆိုရင်တော့ Zara အကြောင်း စပြောဖို့ လုံလောက်ပြီထင်ပါတယ်နော်။ 

Zara Fashion ကို အဓိကဖြန့်ချီတဲ့ parent company ကတော့ Inditex ဆိုတဲ့ကုမ္မဏီပါ။ Inditex ကတော့ ကမ္ဘာမှာအကြီးဆုံး အဝတ်အထည်တွေ ဖြန့်ချီတဲ့ ကုမ္မဏီတစ်ခုဆိုလည်း ဟုတ်ပါတယ်။ Amancio Ortega က Zara ရဲ့ founder တစ်ဦးဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ ၄ဦးမြောက် သူဌေးတစ်ဦးလည်း ဖြစ်ပါတယ်။ Amancio Ortega ကတော့ အင်တာဗျုးတွေကို လက်ခံပြောဆိုလေ့ မရှိတဲ့သူတစ်ယောက်ပါ။ Zara Fashion ဟာမြန်မာနိုင်ငံကို မရောက်သေးပေးမယ့် နိုင်ငံပေါင်း ၈၈ နိုင်ငံမှာ store ဆိုင်ပေါင်း ၂၀၀၀ ကျော်ကို ဖွင့်လှစ်ထားပြီး Zara Home ကိုတော့ ၂၀၀၃ ခုနှစ်မှာစတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ Zara ရဲ့ product ၅၀ ရာခိုင်နှုန်းကတော့ manufactured in Spain တွေဖြစ်ပြီး ပထမဦးဆုံးစတင်ဖွင့်လှစ်ခဲ့တာ ၁၉၇၅ ခုနှစ် စပိန်နိုင်ငံမှာဖြစ်ပါတယ်။ Zara စတင်ပေါ်ပေါက်ခါစက  Zorba လို့ပထမဦးစွာ နာမည်ပေးဖြစ်ခဲ့ပေမယ့် local မှာနာမည်တူရှိနေတာကြောင့် Zara လို့ ပြောင်းဖြစ်ခဲ့တာလည်း Zara ရဲ့ လူသိနည်းတဲ့ အချက်တစ်ချက်ပါ။ Zara ရဲ့ Designer Team အနေနဲ့လည်း အမြဲတမ်း customer feedback တွေကို စောင့်ကြည့်ပြီး သူတို့ရဲ့ ဒီဇိုင်းတွေပေါ်မှာ ပြောင်းလဲထုပ်လုပ်လေ့ရှိတာကတော့ Zara ရဲ့အောင်မြင်မှုသော့ချက်တစ်ခုလို့လည်း ဆိုလို့ရပါတယ်။ ဒါကြောင့်မို့ ဒီနေ့ထိလည်း ရပ်တည်နေနိုင်တယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ ဒီဇိုင်းသစ်တွေကိုတော့ ၁ပတ်ကနေ ၂ပတ်အတွင်း ဖန်တီးဖြန့်ချီလေ့ရှိပြီး ၁နှစ်ကို ဒီဇိုင်းပေါင်း ၁၂၀၀၀ ဝန်းကျင်လောက်ထုတ်လုပ်လေ့ ရှိပါတယ်။ Zara အနေနဲ့ သူတို့ရဲ့ brand ကို ငွေအများကြီးသုံးပြီး ကြော်ငြာလေ့မရှိဘဲ တခြား high-end brand တွေရဲ့ အနီးဆုံးမှာ store ဆိုင်ပေါင်းများစွာဖွင့်လှစ်နိုင်ဖို့အတွက်သာ ငွေသုံးလေ့ရှိပါတယ်။ Zara ကတော့ ဗြိတိသျှတော်ဝန်မင်းသား William ရဲ့ ဇနီးဖြစ်သူ Kate Middleton ရဲ့ favorite brand တစ်ခုလည်း ဖြစ်ပါတယ်တဲ့နော်။

ကဲဒါဆိုရင်တော့ လူသိနည်းတဲ့ Zara ရဲ့ အကြောင်းလေးတွေကို သိသွားပြီလို့ ထင်ပါတယ်နော်။ နောက်ထပ်အကြောင်းအရာများစွာကိုလည်း မကြာမကြာဖော်ပြပေးသွားအုံးမှာဖြစ်လို့ Femalewear.net ရဲ့ facebook page ကိုလည်း like လုပ်ပေးထားဖို့ မမေ့နဲ့နော်။

Leave a Reply:

Your email address will not be published. Required fields are marked *