ZARA brand ရဲ့ မကြာသေးခင်က ကြုံတွေ့ခဲ့ရသော အခက်အခဲများ

December 20, 2017

 

မိန်းကလေးအများစုကြိုက်နှစ်သက်ရတဲ့ ZARA ကတော့ တူရဂီ brand တစ်ခုဖြစ်ပြီး နောက်ဆုံးပေါ်ဖက်ရှင်တွေနဲ့ အရည်သွေးစိတ်ချရတဲ့ High end street brand တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ ဆိုင်များစွာကို ဖွင့်လှစ်ထားပြီး အလွယ်တကူဝယ်ယူနိုင်တဲ့ brand လည်းဖြစ်တာကြောင့် အခုဆို အာရှမှာပါအလွယ်တကူဝယ်ယူလို့ရနေပါပြီ။ အခုနောက်ပိုင်း မြန်မာနိုင်ငံက အမျိုးသမီးများလည်း ZARA ကို personal shopper တွေကတဆင့် မှာယူပြီးဝတ်ဆင်ကြသလို bangkok လိုနေရာမျိုးမှာ shopping ထွက်ဝယ်ယူပြီး ဝတ်ဆင်လာကြပါပြီ။

မကြာသေးခင်အချိန်မှာ အားလုံးကြိုက်နှစ်သက်ရတဲ့ ZARA ကတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တူရဂီနိုင်ငံရဲ့ Istanbul မှာကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ စျေးဝယ်သူတွေ ZARA စတိုးကို ဖြတ်သွားတဲ့အချိန်မှာ အဝတ်အထည်တွေရဲ့ အင်္ကျီအိပ်တွေထဲမှာ “I made this item you’re going to buy, but I didn’t get paid for it!” ဆိုပြီး စာတချို့ကပ်ထားတာကို တွေ့ရတာဖြစ်ပါတယ်။ အဓိပ္ပယ်ကတော့ မင်းတို့ဝယ်ယူမဲ့ ဒီအဝတ်ထည်ကိုငါတို့ချုပ်ထားတယ် ဒါပေမဲ့ ငါတို့လုပ်ခမရသေးဘူး ဆိုတဲ့ စာတိုတွေကို ဖြန့်ထားတာဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ ZARA အနေနဲ့ သူတို့ရဲ့အဝတ်အထည်တွေကို Bravo Tekstil ဆိုတဲ့ local company မှာ ချုပ်တာဖြစ်ပါတယ်။ ဒီ company ကတော့ ZARA, Mango, Next တို့လို big international brand တွေကို လက်ခံချုပ်လုပ်ပေးနေတဲ့ company  လည်းဖြစ်ပါတယ်။ ဒီ company ကတော့ July 2016 ရဲ့ ညပိုင်းမှာ ဒေဝါလီခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ company ရဲ့အလုပ်သမားတွေက သူတို့ရဲ့လုပ်ခလစာမရလို့ ဆန္ဒပြရတဲ့ အခြေနေထိရောက်ရှိလာပါတယ်။ အဲ့ဒီနောက်မှာ အလုပ်သမားတွေကတော့ ZARA ကို သူတို့ရဲ့လုပ်ခလစာကို လျော်ကြေးပေးဖို့အတွက် တောင်းဆိုလာပြီး Istanbul မှာရှိတဲ့ ZARA ဆိုင်တွေကို စာတွေလိုက်ကပ် ခဲ့ပါတယ်။ “အလုပ်သမားတွေ အနေနဲ့ ZARA ကိုကျရှုံးစေချင်တာ မဟုတ်တဲ့အကြောင်း သူတို့မှာရွေးချယ်စရာမရှိလို့ ဒီလိုလုပ်ရတဲ့အကြောင်း” ကို ပွင့်ပွင့်လင်းလင်းပြောလာကြပါတယ်။ တချို့အလုပ်သမားတွေကတော့ “သူတို့ရဲ့မင်္ဂလာဆောင်ကို အကျင်းပနိုင်တော့ကြောင်း၊ သူတို့သားသမီးတွေကို ကျောင်းမပို့နိုင်တော့တဲ့ထိ” ရင်ဆိုင်နေရလို့ အခုလိုလုပ်ဆောင်ရကြောင်း ပြောလာကြပါတယ်။ ဒီ campaign စပြီးနောက် social media တွေမှာလည်း အလုပ်သမားတွေဘက်က အားပေးထောက်ခံတဲ့ လူတွေဟာ hashtag တွေနဲ့ #BravoIscileriIcinAdalet (Justice for Bravo workers) ဆိုပြီး အားပေးခဲ့ကြပါသေးတယ်။

 

ဒီပြဿနာကို ဖြေရှင်းဖို့ရန်အတွက် ZARA ကိုဖြန့်ချီတဲ့ Inditex company ကတော့ သူတို့ဘက်က သူတို့ရပေးဆောင်ရမဲ့ငွေကို Bravo Tekstil ကိုပေးဆောင်တဲ့အကြာင်း၊ အလုပ်သမားတွေကို Bravo Tekstil ကလုပ်ခမပေးတာ သူတို့မသိတဲ့အကြောင်းကို ပြောကြားခဲ့ပြီး ဒီပြဿနာအတွက် ZARA, Mango, Next တို့ပူးပေါင်းပြီ အလုပ်အမားတွေရဲ့ လိုအပ်ချက်အခက်ခဲတွေကို 210,000 euros ရန်ပုံငွေအဖြစ်ကူညီသွားမယ်ဆိုတဲ့အကြာင်း ပြောကြားခဲ့ပြီး Inditex company ဘက်ကလည်းစိတ်မကောင်းဖြစ်ရပါတယ်ဆိုတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။

ကိုယ့်အတွေးနဲ့ သုံးသပ်ရမယ်ဆိုရင်တော့ ဒီပြဿနာဟာ Bravo Tekstil နဲ့သာတိုက်ရိုက်တိုက်ဆိုင်ပြီး ZARA နဲ့မသက်ဆိုင်ဘဲ စွပ်စွဲခံရတာလို့ဘဲ ထင်ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေအနေနဲ့လည်း သူတို့အခက်ခဲကို ကူညီနိုင်မဲ့နည်းလမ်းဟာ ဒီနည်းလမ်းဘဲရှိလို့ ရွေးချယ်လိုက်ရတာလို့ တွေးမိပါတယ်။ တကယ်တော့ Bravo Tekstil ဘက်က အမှားသာဖြစ်လို့ ဒီမတရားမှုကို မကျေနပ်ကြခြင်းသာဖြစ်ပါတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *