နေရောင်အောက်မှာသာမက Dinner ပွဲတွေမှာပါ လှပတဲ့ခြေအစုံကိုဖန်တီးပေးနိုင်မယ့် Sam Edelman

April 18, 2018

လူတစ်ဦးနဲ့တစ်ဦး ပထမဆုံးစတင်တွေ့ဆုံတဲ့အခါမှာလူတိုင်းဟာမသိမသာနဲ့စီးထားတဲ့ဖိနပ်ကို သတိထားမိတတ်ကြပါတယ်။ ကိုယ်စီးထားတဲ့ဖိနပ်က ကိုယ့်ကိုဘယ်လိုလူမျိုးလဲဆိုတာသတ်မှတ်ပေးနိုင်တာကြောင့် ကိုယ်စီးမဲ့ဖိနပ်ကိုအမြဲဂရုတစိုက်ရွေးချယ်ဝယ်ယူသင့်သလိုသန့်ရှင်းနေအောင်ထားဖို့လဲလိုအပ်ပါတယ်။ တနေကုန်သွားလာလှုပ်ရှားဖို့ရန်ပဲဖြစ်ဖြစ်၊ ညနေပါတီပွဲတွေမှာပဲဖြစ်ဖြစ် အမြင်တင့်ပြီးလှပနေစေမဲ့ Heels လေးတွေကို Sam Edelman မှမိတ်ဆက်ပေးလိုက်ပါပြီ။  Heels လေးတွေဟာဘယ်ဝတ်စုံနဲ့မဆိုလိုက်ဖက်ပြီး စီးရတာသက်တောင့်သက်သာဖြစ်စေပါတယ်။ ဒီဇိုင်းအနေနဲ့ကလည်းရိုးရှင်းပြီးလှပမှုကိုပေးစွမ်းနိုင်တာကြောင့်ပျိုမေတို့အကြိုက်တွေ့မှာပါနော်။ EU ခြေထောက်ဆိုဒ် 36 ကနေ 38.5 အထိထုတ်လုပ်ထားတာကြောင့် ကိုယ်နဲ့သင့်တော်မဲ့ဆိုဒ်ကိုလည်းသေချာရွေးဝယ်လို့ရပါတယ်

Addison Ankle Strap Sandal

စျေးနှုန်းအားဖြင့် ဒေါ်လာ ၁၂၀ က စပြီး အရောင်အားဖြင့် Pink Megenta Suede, Black Suede, Silver Metallic ဆိုပြီး အရောင် သုံးရောင်လာပါတယ်။ အမြင့်အားဖြင့် ၄လက်မ ရှိပြီး သားရေနဲ့ချုပ်လုပ်ထားပါတယ်။ ဖိနပ်နဲ့ခြေထောက်ကွက်တိဖြစ်အောင် ဇစ်နဲ့ချုပ်လုပ်ထားပြီး နုပျိုသွက်လက်တဲ့အသွင်ကိုဆောင်ပါတယ်။

Aly Ankle Strap Heel

ကြိုးချင်းယှက်နေတဲ့ပုံစံမျိုးလေးဖြစ်ပြီး အမြင့်အားဖြင့် ၄လက်မ ရှိပါတယ်။ အရောင်အားဖြင့် Sunglow Yellow Suede, Jade Snake Print, Black Suede ဆိုပြီးအရောင်သုံးရောင်လာပါတယ်။ စျေးနှုန်းကတော့ ဒေါ်လာ ၁၂၀ ဖြစ်ပါတယ်။

Hazel Pointed Toe Heel

ရိုးရိုး Shoe အမြင့်ပုံစံလေးဖြစ်ပြီး အရောင်နဲ့ဒီဇိုင်းအားဖြင့် ၃၆ မျိုးထုတ်လုပ်ထားပါတယ်။ ဆန်းသစ်တဲ့ပုံစံလေးတွေ ထုတ်လုပ်ထားတာကြောင့် ကြိုက်နှစ်သက်ရာဒီဇိုင်းကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အမြင့်အားဖြင့် ၃.၇၅ လက်မ ခန့်ရှိပြီး အောက်ခံသားရေသားကောင်းမွန်တာကြောင့် ခြေထောက်နာကျင်ခြင်းမျိုးမဖြစ်ပါဘူး။ လွယ်ကူစွာလျှိုသွင်းဝတ်ဆင်နိုင်ပြီး စျေးနှုန်းအားဖြင့် ဒေါ်လာ ၁၂၀ ကစပါတယ်။

Yaro Ankle Strap Sandal

၄လက်မ ရှိတဲ့ ဒေါက်မြင့်အထူပုံစံလေးဖြစ်ပြီး ရိုးရှင်းသွက်လက်တဲ့ပုံစံမျိုးလေးပါ။ ဒေါက်အချွန်စီးဖို့ စီးနေမကျသူတွေအတွက် အရမ်းအဆင်ပြေမဲ့ဖိနပ်ပုံစံအမျိုးအစားလေးဖြစ်ပါတယ်။ အရောင်နဲ့ဒီဇိုင်းအားဖြင့် ၂၄ မျိုးရှိပြီး​ စျေးနှုန်းကတော့ ဒေါ်လာ ၁၂၀ ကစပါတယ်။

 

 

 

Leave a Reply:

Your email address will not be published. Required fields are marked *