2018 Grammy ဆုပေးပွဲကို တက်ရောက်လာတဲ့ Celebrity များနဲ့ သူတို့၏ဝတ်စုံများ

January 29, 2018

၂၀၁၈ ခုနှစ်အတွက် Grammy ဆုပေးပွဲကြီးကတော့ အောင်မြင်စွာနဲ့ ပြီးမြောက်လို့ သွားခဲ့ပါပြီ။ ပွဲတက်လာတဲ့ နာမည်ကျော် Celebrity တွေများထဲမှ အလှပဆုံးနဲ့ အတောက်ပဆုံး ဝတ်စုံတွေကို ဖော်ပြပေးဖို့အတွက်လည်း အဆင်သင့်ရှိလို့နေပါပြီ။ ကိုယ်အရမ်းကြိုက်တဲ့ Celebrity တွေရဲ့ ဝတ်စုံတွေကို သိချင်ကြလိမ့်မယ်လို့ ထင်ပါတယ်နော်။

Fashion အကြောင်းပြောမယ်ဆိုရင်တော့ Fashion မှာ ပြိုင်စံရှားတဲ့ LADY GAGA ကတော့ မပါမဖြစ်ပေါ့။ သူမကတော့ Grammy ပွဲရဲ့ red carpet ပေါ်ကို black lace နဲ့တွဲဖက်ပြီး ချုပ်ထားတဲ့ အနက်ရောင်ဝတ်စုံနဲ့ တက်ရောက်လာခဲ့ပါတယ်။ Armani Privé dress ဖြစ်ပါတယ်တဲ့…..

MILEY CYRUS ရဲ့ Grammy ပွဲတက်ဝတ်စုံကတော့ Jean Paul Gaultier က jumpsuit အနက်ရောင်ကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။ ရိုးရှင်းပေမယ့် သူမနဲ့လိုက်ဖက်တဲ့ ဝတ်စုံလေးဖြစ်လို့ ထင်းကနဲပေါ်လွင်နေပါတယ်နော်။

#BitchIsBack ???@recordingacademy

A post shared by Miley Cyrus (@mileycyrus) on

Grammy ညမှာတော့ JOY VILLA က Princess လေးတစ်ယောက်လို ဝတ်ဆင်လာတာကို တွေ့ရပါတယ်။ သူမဝတ်ဆင်ခဲ့တဲ့ ဝတ်စုံလေးကတော့ အဖြူရောင်ပိတ်စလေးပေါ်မှာ သက်တန့်ရောင်စုံလို ပန်းချီဆွဲထားတဲ့ hand-painted ကိုတွေ့ရမှာဖြစ်ပါတယ်။ ထို့အတူ သူမကိုင်တဲ့ အိတ်ကိုလည်း ‘Choose Life’ ဆိုတဲ့စာတန်းနဲ့ ပန်းချီရေးထားတာကို တွေ့ရပါတယ်။ ခေါင်းမှာလည်း crown လေးဆောင်းထားပါသေးတယ်။ ရိုးရှင်းတဲ့ hand made လေးတွေကို ဝတ်ဆင်ထားတဲ့ သူမကလည်း အားလုံးထဲမှာ ပေါ်လွင်နေတဲ့ သူတစ်ယောက်အဖြစ် ပါဝင်နေပါတယ်နော်။

My statement for the 60th @recordingacademy is #CHOOSELIFE. ???? I believe in loving the child and the mother, and I am proudly #ProLife. There is so much pain out there, but I choose to spread love and hope. ❤️??I hand painted my @pronovias gown with a hand painted (by me) recreation of my daughter portrait I painted in 2007 at 20 years old 8 months pregnant with my beautiful daughter, whom I adopted out to a wonderful family. I’m incredibly blessed to have given life, and I hope to encourage anyone in a similar situation to choose adoption. ? I also hand painted my #Chooselife bag! And my gorgeous crown is made in USA, NYC. My dress comes from nonprofit @thebridalgardennyc who donates all of the proceeds to @brooklyncharterschool supporting underprivileged minorities! #love #blessed #life #grammys #grammys2018 #joyvillagrammys #joyvillamusic #grammysnyc #redcarpet #grammysfashion #MAGA #princessjoyvilla

A post shared by Joy Villa?? (@joyvilla) on

ဒီပွဲမှာ LANA DEL REY ရဲ့ ဝတ်စုံကတော့ Nude color လေးဖြစ်ပြီး တချို့နေရာတွေကို ကျောက်တွေနဲ့ အလှဆင်ထားပါတယ်။ Lipstick ကအစ nude color လေးဆိုးထားပြီး အရောင်တောက်တောက်တွေကြားထဲမှာ ပေါ်လွင်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ဝတ်စုံကတော့ Gucci maxi-dress ဖြစ်ပါတယ်။

Thank you Grammys Thank you Gucci Time’s up ?

A post shared by Lana Del Rey (@lanadelrey) on

CARDI B ကတော့ Grammy ဆုအတွက် Best rap performance နဲ့ Best rap song ဆုတို့အတွက် nomination ထဲမှာ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့အဖြူရောင် ဂါဝန်လေးကတော့ Ashi Studio Fall Couture ဖြစ်ပြီး ဝတ်ဆင်ထားတဲ့ jewellery တွေကတော့ Messika ကဖြစ်ပါတယ်။ Shoe ကတော့ Christian Louboutin shoe ဖြစ်ပါတယ်တဲ့နော်။

Grammys

A post shared by Cardi B Official IG (@iamcardib) on

CAMILLA CABELLO ရဲ့ ဝတ်စုံလေးကတော့ Vivienne Westwood Couture ဖြစ်ပြီး သူမဝတ်ဆင်ထားတဲ့ jewellery တွေကတော့ Bulgari ကဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အိတ်လေးကတော့ Judith Leiber ကဖြစ်ပါတယ်နော်။

I try to channel the flamenco emoji for as many events as possible #Grammys

A post shared by camila (@camila_cabello) on

ကဲဒါဆိုရင်တော့ နာမည်ကြီး celebrity တချို့ရဲ့ 2018 GRAMMY red carpet ပေါ်က ဝတ်စုံတွေကို ဖော်ပြပေးလိုက်ပြီဖြစ်လို့ ကိုယ်ကြိုက်နှစ်သက်ရတဲ့ အဆိုတော်ပါဝင်မယ်လို့လည်း မျှော်လင့်ပါတယ်နော်။

Leave a Reply:

Your email address will not be published. Required fields are marked *