ကမ္ဘာ့အချမ်းသာဆုံး Celebrity အမျိုးသမီးငယ်များ

March 13, 2018

ဒီတခါတော့ ကမ္ဘာကျော် celebrity တွေအများကြီးရှိတဲ့အနက် သက် ၃၀ မကျော်သေးတဲ့ အချမ်းသာဆုံးအမျိုးသမီးငယ် celebrity များကို ဖော်ပြပေးချင်ပါတယ်။ ဒီ list ထဲမှာပါဝင်တဲ့ celebrity တွေကိုချစ်မြတ်နိုးတဲ့ သူတွေရှိနေမယ်ဆိုတာလည်း ယုံကြည်နေပါတယ်။ အကြောင်းကတော့ celebrity တွေဖြစ်တဲ့အတွက် သူတို့ရဲ့ကြိုးစားမှုကို ချစ်ခင်တဲ့ပရိသတ်တွေ အသိမှတ်ပြုအားပေးကြတဲ့ သန်းပေါင်းများစွာသောလူတွေ အများအပြားရှိနေလို့သာ the word’s richest female တွေအဖြစ် နေရာယူနေနိုင်တာလည်း ဖြစ်ပါတယ်။ ဒါဆို ဘယ်သူတွေပါဝင်လည်းဆိုတာ ကြည့်လိုက်ရအောင်နော်။ 

Taylor Swift

Age – 29 (1989)

မိန်းကလေး ယောက်ျားလေးအများစုရဲ့ အချစ်တော် Taylor ကတော့ အသက်အငယ်ဆုံးနဲ့အချမ်းသားဆုံး list ရဲ့ ပထမဆုံးမှာ နေရာယူထားပါတယ်။ ၂၀၁၈ အထိ သူမရဲ့ပိုင်ဆိုင်မှုဟာ ခန့်မှန်းခြေ $280 million ထိရှိလာခဲ့ပါတယ်။

Rihanna

Age – 30 (1988)

Rihanna တယောက်ကတော့ အခုနောက်ပိုင်း သူမရဲ့ စီပွားရေးတွေကို ချဲ့ထွင်လာတာ အားလုံးလည်း သိပြီးသားဖြစ်မှာပါနော်။ တနှစ်ထက်တနှစ် သိသိသာသာတိုးတက်လာတဲ့ သူမရဲ့အောင်မြင်မှုဟာ သူမရဲ့ဝင်ငွေနဲ့တိုက်ရိုက်အချိုးကျနေပါတယ်။ အခုချိန်မှာ သူမရဲ့ net worth ဟာတော့ $245 million ခန့်မှန်းခြေရှိနေပါတယ်။

 

Adele

Age – 30 (1988)

British singer တစ်ယောက်ဖြစ်တဲ့ Adele ကလည်း ငယ်ရွယ်ပြီးအချမ်းသာဆုံးအမျိုးသမီးငယ်စာရင်းထဲမှာ နေရာယူနေပါတယ်။ အောင်မြင်ပြီး လူကြိုက်များအားပေးခံရတဲ့ သူမကတော့ လက်ရှိမှာ $135 million ထိခန့်မှန်းခြေရှိနေပါတယ်။

 

Kristen Stewart

Age – 28 (1990)

Stewart လေးကလည်း ဒီ list ထဲမှာ နေရာယူထားပါတယ်။ သူမကတော့ Twilight series တွေကြည့်ဖူးတဲ့သူဆို အရူးအမူးဖြစ်လောက်တဲ့ထိ ဆွဲဆောင်ထားနိုင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ The Twilight saga ဟာတော့ သူမကို rich woman တစ်ယောက်ဖြစ်လာအောင် ပြုလုပ်နိုင်ခဲ့တဲ့ဆိုလည်း မမှားပါဘူး။ အဲ့အချိန်တုန်းကဆို သူမရဲ့ bank စာရင်းမှာ £44.8 million ထိရှိနေခဲ့ပါတယ်။ လက်ရှိမှာသူမရဲ့ net worth ကတော့ အခုချိန်ထိ up from $70 Million ရှိနေပါတယ်။

interviews

A post shared by Kristen Stewart (@kristenstewart___) on

Emma Watson

Age – 28

သူမကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ သူမပါဝင်ရိုက်ကူးခဲ့တဲ့ Harry Potter series တွေပြီးတဲ့နောက်မှာတော့ သူ့ရဲ့ net worth ဟာ တဟုန်ထိုးပိုတိုးမြင့်လာပါတယ်။ ၂၀၁၈ မှာတော့ သူမရဲ့ net worth ခန့်မှန်းခြေဟာ $70 Million ထိဖြစ်နေပါတယ်။

 

Jennifer Lawrence

Age – 28 (1990)

J Law ရဲ့ ဇာတ်ကားတွေကို တော်တော်များများ ကြည့်ဖူးကြလိမ့်မယ်ထင်ပါတယ်။ သူမကတော့ Academy Award ရဲ့ Best Actress ဆုကိုရရှိတဲ့ထဲမှာ  ဒုတိယအသက်အငယ်ဆုံး ရရှိသူတစ်ဉီးလည်း ဖြစ်ပါတယ်။ အခုချိန်ထိ အောင်မြင်ကျော်ကြားနေတဲ့ သူမရဲ့ net worth ဟာ $110 million ထိရှိနေပါတယ်။

Miley Cyrus

Age – 26 (1992)

ကလေးသရုပ်ဆောင်အနေနဲ့ စတင်ဝင်ရောက်လာတဲ့ Miley Cyrus တစ်ယောက်ကတော့ အခုချိန်ထိ အရမ်းအောင်မြင်နေတဲ့ အဆိုတော် သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေဆဲပါ။ အခုချိန်ထိ သူမရဲ့ net worth ဟာ $160.0 million ထိ ခန့်မှန်းခြေရှိနေပါတယ်။

A post shared by Miley Cyrus (@mileycyrus) on

Selena Gomez

Age – 26

Selena လေးရဲ့ အောင်မြင်ကျော်ကြားမှုကတော့ ပြောမကုန်နိူင်အောင်ပါဘဲ။ အခုနောက်ပိုင်း Coach နဲ့ collaboration ကိုလည်း အားလုံးသိပြီးသားဖြစ်မှာပါ။ နာမည်ကြီး brand တော်တော်များများရဲ့ partner အနေနဲ့ရော campaign တွေမှာပါ ပါဝင်လေ့ရှိပါတယ်။ သူမရဲ့ net worth ခန့်မှန်းခြေဟာ ၂၀၁၆ မှာ $50 million ထိရှိနေခဲ့ပြီး ၂၀၁၈ မှာတော့ $60 million ထိတိုးလာပါတယ်။

 

 

Gigi Hadid

Age – 23

Gigi ကတော့ ကမ္ဘာမှာ ကြေးအမြင့်ဆုံး model တစ်ယောက်အဖြစ် အခုချိန်ထိရပ်တည်နေပါတယ်။ သူမဟာ Maybelline, Evian, BMW, Versace, Tommy Hilfiger တို့နဲ့လည်း စီးပွားရေး partner အဖြစ်ပါဝင်ခဲ့ဖူးသူတစ်ဉီးပါ။ ၂၀၁၈ ထိ သူမရဲ့ net worth ခန့်မှန်းခြေဟာ $13 Million ထိရှိနေပါတယ်။

 

Kendall Jenner

Age – 23

Marc Jacobs ရဲ့ catwalk နဲ့ ပွဲဉီးထွက်ခဲ့တဲ့ သူမကတော့ New York မော်ဒယ်လောကမှာ အခုဆိုနေရာတော်တော်လေးယူနေပါပြီ။ သူမကတော့ big fashion နဲ့ beauty brand တွေဖြစ်တဲ့ Estee Lauder, Fendi, Givenchy and Calvin Klein တို့နဲ့လည်း contract တွေလုပ်ထားပါသေးတယ်။ အခုချိန်မှာတော့ သူမရဲ့ net worth ဟာ $18 million ထိရှိနေပါတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *